လှိုင်သာယာဆေးရုံဝင်းအတွင်း ဝန်ထမ်းအိမ်ရာနှစ်ခုဆောက်လုပ်မည်


06 December, 2020

    ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်တွင် လှိုင်သာယာဆေးရုံဝင်းအတွင်း ဝန်ထမ်းအိမ်ရာနှစ်ခုကိုဆောက်လုပ်မည်ဖြစ်သည်။

         ယင်းဆေးရုံဝင်းအတွင်း လေးခန်းတွဲ လေးထပ်တစ်ခုနှင့် ခြောက်ခန်းတွဲ လေးထပ်တစ်ခုဆောက်လုပ်မည်ဖြစ်ကြောင်းလှိုင်သာယာပြည်သူ့ဆေးရုံအုပ် ဒေါက်တာ ဆန်းလွင်ဥိးမှပြောကြားခဲ့သည်။

          ဆေးရုံတိုင်းတွင်အိမ်ရာနေရာချထားရေးကော်မတီဆိုတာရှိပါတယ်။ထိုကော်မတီဆုံးဖြတ်ချက်နှင့် ဦးစားပေးအစီအစဉ်တွင် အားလုံးနီးပါးလည်းရကောင်းရသွားမည်။တကယ်လို့ အားလုံးနီးပါးမရခင်စပ်ကြားတွင်လိုအပ်သော ပုဂ္ဂိုလ်များကို ကော်မတီ၏ ဆုံးဖြတ်ချက်နှင့် ဦးစားပေးပြီးထားသင့်သည့်လူများ အစဉ်လိုက်နေရာချထားပေးမည်ဟု ဝန်ထမ်းအားလုံးအတွက်လည်း အဆင်ပြေသွားမည်ဖြစ်သည်။ဆေးရုံ၏ လုပ်ငန်းဆောင်တာများလည်း အဆင်ပြေသွားမည်ဟု သိရသည်။

          လှိုင်သာယာဆေးရုံကြီးသည်ကုတင် ၂ဝဝဆံ့ဖြစ်၍ ဖွဲ့စည်းပုံအရ ဝန်ထမ်းဦးရေ ၆ဝဝ ခွင့်ပြုထားသော်လည်း လက်ရှိတွင် အထူးကုဆရာဝန်၊ဆရာဝန်၊သူနာပြု၊ကျွမ်းကျင်ဝန်ထမ်းများ နှင့် အထွေထွေလုပ်သားစုစုပေါင်း ၂ဝဝ ကျော်ခန့် ထားသည်။

          ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်ကို ဝန်ထမ်းအိမ်ရာနှစ်အဖြစ်သတ်မှတ်ထားကာ ယင်းဘဏ္ဍာနှစ်အတွင်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျပ် ၂၆၃ ဘီလီယံအသုံးပြုပြီး ဝန်ထမ်းအိမ်ရာများ ဆောက်လုပ်မည်ဖြစ်သည်။

          ထို့ပြင်လှိုင်သာယာဆေးရုံကြီးရှေ့ဘက်မျက်နှာချင်းဆိုင်တွင်ရှိသော ကျန်စစ်မင်းအိမ်ရာ နှင့်ထီးလှိုင်ရှင်အိမ်ရာတွင်လည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ခွင့်ပြုချက်ရန်ပုံငွေဖြင့် ဝန်ထမ်းအိမ်ရာများ ဝယ်ယူမည်ဖြစ်ကြောင်းသိရသည်။

Infrastructure and Zones Read 132 times