UBC ကွန်ဒိုအား iGreen Costruction မှ တည်ဆောက်နေပြီး အမှတ်(ခ/၉၃)၊ပြည်သာယာလမ်းသွယ်(၃)လမ်း၊ ဇ/မြောက်ရပ်ကွက်၊သင်္ဃန်းကျွန်းမြို့နယ်၊ရန်ကုန်တိုင်းဒေသကြီးတွင်တည်ရှိသည်။
၂ဝ၁၆ခုနှစ်နှစ်လပိုင်းတွင်စတင်တည်ဆောက်ပြီး ၂ဝ၁၈ခုနှစ် နှစ်လယ်ပိုင်းတွင်ပြီးစီးနိုင်မည့်ဟုခန့်မှန်းထား ကြောင်းသိရသည်။
မြေဧက ဝဒသမ၅၈၆ ဧကပေါ်တွင်တည်ဆောက်ထားသောအဆောက်အအုံတစ်ခုဖြစ်ကြောင်းသိရသည်။
တာဝါA နှင့် B နှစ်လုံးတည်ဆောက်မည်ဖြစ်ပြီးTower A တွင် အထပ်ပေါင်းလေးထပ်၊တစ်လွှာတွင် ၄ခန်းဖြင့်ဖွဲ့စည်းထားကြောင်းသိရသည်။
Tower Bတွင် အထပ်ပေါင်းခုနှစ်ထပ်ရှိပြီးတစ်လွှာတွင် ၇ခန်းပါဝင်ကြောင်းသိရသည်။
အခန်းအကျယ်အဝန်းမှာ စတုရန်းပေ ၈ဝဝကျော်မှ ၉ဝဝကျော်ထိကျယ်ဝန်းကြောင်းသိရသည်။
တာဝါတစ်ခုတွင် ဓာတ်လှေကား နှစ်စင်းပါဝင်ပြီး စုစုပေါင်းဓာတ်လှေကား လေးစင်းတပ်ဆင်ပေးမည်ဖြစ်သည်။
ကားထားရာတွင်အဆင်ပြေစေရန် Ground levelတွင် Twin Parking ဖြင့်ထားရှိနိုင်သည်ဖြစ်ကြောင်းသိရသည်။
Facility အနေဖြင့်ရေကူးကန်ပါရှိမည်ဖြစ်သည်။
အခန်းတန်ဖိုးမှာ တစ်စတုရန်းပေလျှင် ၁၆ဝဝဝဝ မှ ၁၇ဝဝဝဝ ထိခန့်မှန်းထားကြောင်းသိရသည်။
အရစ်ကျ ၁ဝလပေးချေနိုင်ပြီး ပထမလတွင် ၃ဝရာခိုင်နှုန်း၊ ၅ရာခိုင်နှုန်းဖြင့် ၈လ၊ အခန်းအပ်ချိန်တွင် ၃ဝရာခိုင်နှုန်း ပေးသွင်းရမည်ဖြစ်သည်။
ကိုယ်တိုင်လာရောက်ပေးသွင်းနိုင်သည့်အပြင် မလာနိုင်သူများအတွက်လည်း Bank Accဖွင့်ပေးပြီး ပေးသွင်းနိုင်ကြောင်းသိရသည်။