အင်္ဂလိပ်များသည် မြန်မာနိုင်ငံကို သိမ်းပိုက်ပြီးနောက် ရန်ကုန်မြို့အားအစိုးရရုံးစိုက်ရာမြို့အဖြစ်သတ်မှတ်ခဲ့ကြ သည်။ မြို့တော်ကို စနစ်တကျမြို့ပြအင်္ဂါရပ်များနှင့် အညီ တည်ဆောက်ခဲ့ကြသည်။ပြင်သစ်ကုမ္ပဏီများကို ကန်ထရိုက်ပေးပြီး မြေအောက်ရေဆိုးထုတ်ဥမင်ကွန်ယက်စနစ်များကို အင်္ဂလန်အတိုင်းတည်ဆောက်ခဲ့ကြသည်။
ထိုမြေအောက်ဥမင် ကွန်ယက်စနစ်ကြီးကို ရန်ကုန်မြို့တစ်မြို့လုံးဖြန့် ကျက်ထားနိုင်ခဲ့ကြသည်။မိလ္လာစနစ်များ ရေဆိုးထုတ်စနစ်များကို မြို့တော်လူဦးရေနှင့် အညီ နိုင်နင်းအောင် ပြုလုပ်ပေးနိုင်ခဲ့သည်။
ရန်ကုန်မြို့သည် တစ်ချိန်က မိုးရွာလျှင်ရေတင်ခြင်းရေဝပ်ခြင်း မရှိပါ။ထိုရေမှန်သမျှသည် ဥမင်ထဲမှ တစ်ဆင့် ရန်ကုန်မြစ်ထဲ ကျသွားသောကြောင့်ဖြစ်သည်။
ထိုမြေအောက်ဥမင်စနစ်များမှာ ဖုန်းလိုင်းစနစ်များလည်း ပါဝင်ခဲ့သလို ရေသန့်ဖြန့်ဝေသောစနစ်များလည်း ပါဝင်ခဲ့ပါသည်။
မြေအောက်ဥမင်များဆိုပေမဲ့အမြင့်ပေသည် ၁၂ပေထိမြင့်ပြီး ကားတစ်စီးမောင်းနှင်နိုင်အောင်ကျယ်သည်ဟု သိရသည်။
ရန်ကုန်မြို့၏လသာ၊ဗဟန်း၊တာမွေနှင့် မြို့လယ်ဘက်တွင် ဥမင်များထဲသို့ဆင်းသည့် သံလှေခါးများနှင့် (Main Hole)အပေါက်ကြီးများရှိသည်ဟုသိရသည်။
ထိုမြေအောက်ဥမင်ကွန်ယက်စနစ်သည် ခေတ်မီလွန်းသည့်အတွက် စင်ကာပူမှ အတုယူပြီး တစ်ပုံစံတည်း သူတို့နိုင်ငံတွင် တည်ဆောက်ခဲ့ကြသည်။
နောက်စစ်အစိုးရလက်ထက်တွင် ထိုမြေအောက်ဥမင်များကို နံရံများကာပြီး သံလှေကားနှင့်ဆင်းသည့် အပေါက်မှန်သမျှကို အသေပိတ်ပစ်ခဲ့ကြပြီး
မြေအောက်ဥမင်ကွန်ယက်စနစ်မြေပုံများကို စည်ပင်များဆီမှ လုံခြုံရေးအကြောင်းပြချက်နှင့် သိမ်းယူပြီးဖျောက်ဖျက်ပစ်ခဲ့ကြသည်။
ရန်ကုန်မြေအောက်ဥမင်စနစ်ကိုသာ ပြန်လည်အသက်သွင်းနိုင်ခဲ့လျှင်ရန်ကုန်မြို့သည် မိုးရွာတိုင်း ရေမြုပ်တော့မည် မဟုတ်ပါ။
မြေအောက်ကို ဆင်းသည့်(Main Hole)အကြွင်းအကျန်တစ်ချို့ကို ရန်ကုန်မြို့ထဲတွင် တွေ့မြင်နိုင်သည်။
cantwait2say