ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်အဆင့်မြှင့်တင်ရေးစီမံကိန်း Phase 3တွင် ပါဝင်သည့် လက်ရှိလေယာဉ်ပြေးလမ်းနှင့် လေယာဉ်ရပ်နားရာနေရာများ တိုးချဲ့ခြင်းအား ဆောင်ရွက်လျက်ရှိကြောင်း Yangon Aerodrome Company Ltd(YACL)မှ သိရသည်။
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အဆင့်မြှင့်တင်ရေးစီမံကိန်းအား Phase 1,2,3 ဟူ၍ သတ်မှတ်ဆောင်ရွက်နေခြင်းဖြစ်ကာ လက်ရှိတွင် Phase 3 အားဆောင်ရွက်နေခြင်းဖြစ်သည်။
လက်ရှိတွင် Phase 3 ပါဝင်သည့် Termimal 1 နှင့် 2 အား ချိတ်ဆက်ခြင်း လုပ်ငန်းအား ဆောင်ရွက်နေပြီး၊အဆိုပါ လုပ်ငန်းမှာ မကြာခင် ပြီးတော့မည်ဖြစ်၍ အသုံးပြုနိုင်တော့မည်ဖြစ်သည်။
လေယာဉ်ရပ်နားမည့် နေရာများကိုလည်း တိုးချဲ့တည်ဆောက်သွားမည်။ပြီးလျှင် Mingalardon Cargo Services (MCS)အား အတွင်းထဲ သို့ရွေ့ပြီး လက်ရှိ MCS နေရာတွင် VIP Terminal သစ်တစ်ခုထပ်ပြီး တည်ဆောက်သွားရန် ရှိသည်။
ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်အဆင့်မြှင့်တင်ဆောင်ရွက်ခြင်း Phase 3 တွင်Terminal 1 နှင့် 2 အားချိတ်ဆက်ခြင်း၊လက်ရှိ လေယာဉ်ပြေးလမ်းအား တိုးချဲ့ခြင်း၊လေယာဉ်ရပ်နားရာနေရာအား တိုးချဲ့ခြင်း၊
Cargo အဆောက်အအုံအား တိုးချဲ့ခြင်း၊VIP/CIP Terminal အသစ်တည်ဆောက်ခြင်းလုပ်ငန်း၊Terminal 2 အဆင့်မြှင့်တင်ရန် နည်းလမ်းမာျးရှာဖွေခြင်းစသည့် လုပ်ငန်းမာျး ပါဝင်ကြောင်း သိရသည်။
ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို Yangon Aerodrome Company Ltd (YACL)နှင့် စာချုပ်ချုပ်ဆိုပြီး လုပ်ကိုင်ဆောင်ရွက်လျက်ရှိရာ မူလစီမံကိန်းကာလ ၃၆ လခွင့်ပြုလုပ်ဆောင်နေခြင်းဖြစ်သည်။
သို့သော်စီမံကိန်းလုပ်ငန်းအချို့ ကျန်ရှိနေခြင်းနှင့် ထပ်မံဆောင်ရွက်ရမည့် နောက်ထပ် ၁၈ လ တိုး၍ လုပ်ဆောင်နိုင်ရန် ဝန်ကြီးဌာနသို့အကြောင်းကြားထားကြောင်း သိရသည်။
ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သည် မြန်မာနိုင်ငံ၏ အဓိက ဝင်ပေါက် လေဆိပ်တစ်ခုအဖြစ် တည်ရှိနေပြီး ဆက်လက်၍ National Project အနေဖြင့် ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်အား တည်ဆောက်ရန် စီစဉ်နေလျက်ရှိသည်။