ရန်ကုန်တိုင်းအတွင်းက စက်မှုဇုန် ၂၉ ခုကို အဆင့်မြှင့်တင်


01 August, 2019

ရန်ကုန်တိုင်းဒေသကြီးထဲက စက်မှုဇုန် ၂၉ ခု အဆင့်မြှင့်တင်တာတွေကို စတင်ဆောင်ရွက် နေပြီလို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောပါတယ်။

 ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှာ ဇွန် ၂၉ ရက်နေ့က ပြုလုပ်တဲ့ မီဒီယာတွေ့ဆုံပွဲမှာ ဝန်ကြီးချုပ်က အခုလို ပြောဆိုသွားတာပါ။

 စက်မှုဇုန် ၂၉ ခု လျှပ်စစ်၊ ရေ၊ ရရှိဖို့၊ ရေဆိုးစွန့်ပစ်မှု၊ အမှိုက်စွန့်ပစ်မှုနဲ့ လမ်းပန်း ဆက်သွယ်ရေးတို့မှာ အဘက်ဘက်က အဆင့်မြှင့်တင်ဖို့ လိုအပ်နေတယ်လို့ ပြောပါတယ်။

 ဒီလို အဆင့်မြှင့်တင်ဖို့အတွက် တိုင်းဒေသကြီး စက်မှုဇုန် အဆင့်မြှင့်တင်ရေးကော်မတီ၊ စက်မှုဇုန် ကြီးကြပ်ရေးကော်မတီတွေကို ဖွဲ့စည်းထားတယ်လို့သိရပါတယ်။

 ဒီစက်မှုဇုန်တွေမှာ လာရောက်ရင်းနှီးမြှုပ်နှံမယ့်သူတွေအတွက် ဝန်ဆောင်မှု အပြည့်အဝ ရရှိအောင် ဆောင်ရွက်သွားမှာဖြစ်ပြီး ပတ်ဝန်းကျင်ပျက်စီးစေမယ့် ရင်းနှီးမြှုပ်နှံမှုတွေကိုတော့ စိစစ်ပြီးခွင့်ပြုသွားမယ်လို့ဆိုပါတယ်။

 ရန်ကုန်တိုင်းဒေသကြီးထဲမှာ အထူးစီးပွားရေးဇုန်အနေနဲ့ သီလဝါ အထူးစီးပွားရေးဇုန်ကို တည်ထောင်ထားပြီး ရန်ကုန်စည်ပင်နယ်နိမိတ်ပြင်ပ ၁၁ မြို့နယ်မှာလည်း စက်မှုဇုန် ၁၁ ခု ထပ်မံတည်ထောင်ဖို့ စီစဉ်နေပါတယ်။

Infrastructure and Zones Read 69 times