မြန်မာနိုင်ငံမြောက်ဖျားဒေသကုန်စည်စီးဆင်းမှု မြန်ဆန်ရေးအတွက် အဓိကကျသော မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအိုလမ်းပိုင်းကို သုံးနှစ်စီမံကိန်းဖြင့် ငွေကျပ်ဘီလျံ ၁၀၀ ကျော်သုံးစွဲ၍ အဆင့်မြှင့်တင်မှုများ ပြုလုပ်နေကြောင်းသိရသည်။
ယင်းလမ်းအရှည်မှာ ၂၁၈ မိုင်ရှိပြီး ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် ဘတ်ဂျက်ငွေကျပ် ၁၈ ဘီလျံနှင့် စတင်အဆင့်မြှင့်တင်ခဲ့သည်ဟုသိရသည်။
စီမံကိန်းကာလကို သုံးနှစ်သတ်မှတ်ထားကြောင်းသိရသည်။
ယခင်လမ်းအမျိုးအစားမှာ ကွန်ကရစ်လမ်း၊ ကတ္တရာလမ်း၊ ကျောက်လမ်း၊ အမာခံလမ်းမြေလမ်း အဖြစ်ရှိခဲ့ခြင်းဖြစ်သည်။
ယခုအဆင့်မြှင့်ပြီးပါက ကွန်ကရစ်လမ်းနှင့် ကတ္တရာလမ်းဖြစ်သွားမည်ဖြစ်ပြီး လမ်းမှာ နှစ်လမ်းသွားဖြစ်သွားမည် ဖြစ်ကြောင်းသိရသည်။
ယခင်အစိုးရလက်ထက်တွင် အဆိုပါလမ်းမကို အိန္ဒိယနိုင်ငံ၏ ချေးငွေဒေါ်လာသန်း ၁၂၀ ဖြင့် ဖောက်လုပ်ရန် သဘောတူထားခဲ့ကြောင်းသိရသည်။
အိန္ဒိယနိုင်ငံချေးငွေဖြင့် အဆင့်မြှင့်ရန်လမ်းတိုင်းတာခြင်း လုပ်ငန်းအဆင့်တွင်သာရှိသေး၍ ငွေကြေး မရရှိသေး ကြောင်းသိရသည်။
Source:pyimyanmar journal