UPVC တံခါးပြတင်းအကြောင်း သိကောင်းစရာများ


24 August, 2019


UPVC တံခါးနှင့် ပြတင်းများ၏ ကုန်ကြမ်းများကို ဂျာမနီနှင့်စကာၤပူနိုင်ငံမှာ မှာယူတင်သွင်းပြီး ပြည်တွင်းတွင် ထုတ်လုပ်လျက်ရှိပြီ ဖြစ်ပါတယ်။

ထိုတံခါးပြတင်းများကို Softline System  Thermoline ဟူ၍ နှစ်မျိုးထုတ်လုပ်ထားပါတယ်။

 Thermolineတွင် ဆွဲတံခါး (Soliding Type) နှင့် (Casement Type) ဟူ၍ နှစ်မျိုးရှိပါတယ်။ Softline System တွင် Soliding 73mm ၊ 88mm ၊ Casement 58mmနှင့် 50mm ဟူ၍ လေးမျိုးရှိပါတယ်။

PVC အသုံးပြုတံခါးများအနေဖြင့်အတွင်းတွင် Channel များ ပါဝင်ပါတယ်။ ထောင့်နေရာများကိုလည်း ဖျူးရှင်းဝရိန်ဆော်ထားပါတယ်။ အပူချိန် ၂၂၀ မှ ၂၅၀ ဒီဂရီစင်တီဂရိတ်ဖြင့် ပေးထားပြီးမှ အရည်နှင့် ဝရိန်ဆော်ခြင်း ဖြစ်ပါတယ်။ ခြောက်သွားသောအခါ မာပြီးကပ်သွားပါတယ်။ဤကဲ့သို့ ဖျူးရှင်းယရိန်ဆော်ခြင်းစနစ်ကို အသုံးပြုထားမှုကြောင့် ရေ၊ လေ မဝင်နိုင်တော့ပေ။
နေရောင်ခြည်ခံနိုင်ရန်အတွက်လည်း တိုက်တေနီယမ်ဒိုင်အောက်ဆိုဒ်ဟူသော ဓါတုပစ္စည်း Chemical တစ်မျိုးထည့်ထားပေးပါတယ်။ ပီဗွီစီကိုယ်ထည် (P.V.C Body)မျိုးအနေဖြင့် အပူရှိန်ထိန်းပေးနိုင်သဖြင့် စွမ်းအင်ချွေတာမှု (Energy Saving) ဖြစ်သောကြောင့် လေအေးပေးစက် (Air Conditioner) များအသုံးပြုသောနေရာများအတွက်အထူး သင့်လျော်ပါတယ်။

နိုင်ငံတကာတွင်လည်း  PVC တံခါးနှင့် အလူမီနီယမ်တံခါးများကို အသုံးပြုကြပြီး သစ်သားတံခါးအသုံးပြုမှုနည်းပါးလာပါတယ်။

 PVC တံခါးများမှာ အထူး 2.5mm နှင့် 3.0mmထုများသုံးထားပါတယ်။ ထိုတံခါးများကို စီမံကိန်းလုပ်ငန်းကြီးများ၊ ရုံးဌာနများတွင် အများအပြားအသုံးပြုလာကြကြောင်း တွေ့ရှိရပါတယ်။

ဦးမေအောင် B.E.(Civil)

Tips Read 301 times