ရန်ကုန်မြို့ရှိ မြို့ပြဖွံ့ဖြိုးမှု မဟာဗျူဟာ စီမံကိန်းများ


17 November, 2020

မြို့သစ်စီမံကိန်းများရန်ကုန်မြို့လယ်ဗဟိုစီးပွားရေးဇုန်နှင့် တန်ဖိုးနည်းအိမ်ရာစီမံကိန်းအပါအဝင် မြို့ပြဖွံ့ဖြိုးမှုမဟာဗျူဟာ စီမံကိန်းမှ ဦးစားပေးစီမံကိန်း၄၁ခုအတွက်အမေရိကန်ဒေါ်လာသန်း ၂၃၃ဝသုံးစွဲရန် ခန့်မှန်းထားကြောင်း မြို့ပြဖွံ့ဖြိုးမှုမဟာဗျူဟာစီမံကိန်းအရ သိရသည်။

မြို့ပြဖွံ့ဖြိုးတိုးတက်မှုစီမံခန့်ခွဲရေးအတွက် ဒေါ်လာ သန်း ၆၃ဝသုံးစွဲရန် ပြင်ဆင်နေခြင်းဖြစ်ပြီး ဗဟိုခွဲများနှင့် အခြားဦးစားပေးဖွံ့ဖြိုးတိုးတက်မှုများအတွက်

ဒေါ်လာသန်း ၃၂ဝ၊မြို့လယ်ဗဟိုစီးပွားရေးဇုန်ပြန်လည်ပြုပြင်ခြင်းအတွက် ဒေါ်လာသန်း ၂၉ဝနှင့် စွမ်းဆောင်ရည် ဖွံ့ဖြိုးတိုးတက်မှုနှင့် ဆက်စပ်၍ ဒေါ်လာသန်း ၂ဝသုံးစွဲရန် အပြင်

အခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်မှုအတွက် ဒေါ်လာသန်း ၁၇ဝဝသုံးစွဲရန်ခန့်မှန်းထားခြင်းဖြစ်ပြီးအခြေခံအဆောက်အအုံတိုးတက်ပြောင်းလဲမှုနှင့် သဘာဝဘေးအန္တရာယ်ခံနိုင်ရည်ရှိစေရေးအတွက် သုံးစွဲမည်ဖြစ်ကြောင်းသိရသည်။

မြို့ပြဖွံ့ဖြိုးမှု မဟာဗျူဟာစီမံကိန်းမှ ဦးစားပေးစီမံကိန်း ၄၁ခုတွင် စွမ်းဆောင်ရည် ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း၂၅ခုနှင့် သဘာဝဘေးအန္တရာယ်လျော့ပါးသက်သာစေရေး စီမံကိန်း ၁၆ခုအဖြစ်ခွဲခြားထားကြောင်းသိရသည်။

ယင်းစီမံကိန်းများမှာ မင်းဓမ္မဒုတိယဗဟိုစီးပွားရေးဇုန်၊ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း၊ရန်ကင်းဗဟိုခွဲဇုန် ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း၊သီလဝါအထူးစီးပွားရေးဗဟိုခွဲဇုန်ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း၊ကြည့်မြင်တိုင်မြို့သစ်ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း၊ရန်ကုန်ဘူတာကြီး

ဧရိယာဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း၊ဘူတာရုံခွဲ ဧရိယာဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း၊သီလဝါအထူးစီးပွားရေးဇုန်အပိုင်း(ခ)ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း၊မူလရှိပြီးသော စက်မှုဇုန်များဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း၊အစိုးရပိုင်မြေများပြန်လည်ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း၊ဆူးလေဘုရားနှင့်

ပတ်ဝန်းကျင် စီမံကိန်း(မြို့လယ်ဗဟိုစီးပွားရေးဇုန်)၊ဘဏ်လမ်းစီမံကိန်း(မြို့လယ်ဗဟိုစီးပွားရေးဇုန်)၊ကမ်းနားလမ်းစီမံကိန်း(မြို့လယ်ဗဟိုစီးပွားရေးဇုန်)၊မြစ်ကမ်းတစ်လျှောက် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း(မြို့လယ်ဗဟိုစီးပွားရေးဇုန်)၊ဘက်စုံသုံး

ပို့ဆောင်ဆက်သွယ်ရေးဝန်ဆောင်မှုများဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း(မြို့လယ်ဗဟိုစီးပွားရေးဇုန်)၊ကားရပ်နားသည်နေရာရေးဆွဲခြင်းစီမံကိန်းနှင့် လမ်းများစျေးနှုန်းသတ်မှတ်ခြင်းနှင့် ကားရပ်နားသည့်စနစ်အစပြုမှုစီမံကိန်း(မြို့လယ်ဗဟိုစီးပွားရေးဇုန်)တို့ပါဝင်သည်။

ဘတ်စ်ကားစနစ်ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း၊ပန်းခြံမြေအောက်ကားရပ်နားရန်နေရာများစီမံကိန်း၊မြို့ပြတန်ဖိုးနည်းအိမ်ရာစီမံကိန်းငွေကြေးထောက်ပံ့မှုအစီအစဉ်၊ရန်ကုန်မြို့ပြအမွေအနှစ်မဟာဗျူဟာအကောင်အထည်ဖော်

ဆောင်ရွက်ခြင်းစီမံကိန်း၊ပန်းခြံသစ်များဆောက်လုပ်ခြင်းစီမံကိန်း၊မသန်စွမ်းသူများအတွက် နေထိုင်သွားလာမှုအခက်အခဲ မရှိစေရေးစီမံကိန်း၊ပညာရေးစနစ် ပိုမိုခိုင်ခံ့ရေးစီမံကိန်း၊မြို့ပြရှိ ဆင်းရဲနွမ်းပါးသူများအား

ကူညီထောက်ပံ့ရေးစီမံကိန်း၊မြို့ပြဖွံ့ဖြိုးတိုးတက်မှုစီမံခန့်ခွဲရေးစွမ်းဆောင်ရည်ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း၊ကုက္ကိုလ်ဝ ရေသန့်စင်စက်ရုံနှင့် ရေပေးဝေရေးပိုင်လိုင်းများဆောက်လုပ်ခြင်းစီမံကိန်း၊

ဇုန်(၁)ရေပေးဝေရေးပိုက်လိုင်းကွန်ရက်အသစ်ပြန်လည်တည်ဆောက်ခြင်းစီမံကိန်း၊မြို့လယ်ဗဟိုစီးပွားရေးဇုန် ရေဆိုးစနစ်တိုးတက်မှုဆောင်ရွက်ရေးစီမံကိန်း(C1+W1),W1 ရေဆိုးစနစ်တိုးတက်မှုဆောင်ရွက်ရေးစီမံကိန်း(လသာနှင့်လမ်းမတော်) မြို့လယ်ဗဟိုစီးပွားရေးဇုန်မိုးရေစီးဆင်းမှု ကောင်းမွန်ရေး၊တိုးတက်မှုဆောင်ရွက်နိုင်ရေးတို့ဖြစ်သည်။

ထို့ပြင် အခြားစီမံကိန်းများမှာ ရေဆိုးစီမံခန့်ခွဲမှုစွမ်းရည်ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း၊ရေလွှမ်းမိုးမှုပေါင်းစပ်ကွပ်ကဲရေးစွမ်းရည်ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း၊အမှိုက်များအားစနစ်တကျစီမံခန့်ခွဲနိုင်ရန်အထောက်အကူပြုပစ္စည်းများစုဆောင်းခြင်း

၊နောက်ဆုံးစွန့်ပစ်အမှိုက်ပုံများဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း၊ဘေးအန္တရာယ်ဖြစ်စေသောအမှိုက်များစီမံခန့်ခွဲမှု ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း၊အမှိုက်မှ စွမ်းအင်စီမံကိန်း၊လက်ရှိ ဓာတ်အားခွဲရုံများအဆင့်မြှင့်တင်ခြင်းစီမံကိန်း၊ငလျင်ဒဏ်ခံနိုင်မှု

စွမ်းဆောင်ရည်ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း၊မီးဘေးအန္တရာယ်ကာကွယ်ရေးဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းနှင့် မြို့တော်စည်ပင်နေရောင်ခြည်ဆိုလာစနစ်စတင်ဆောင်ရွက်ခြင်းစီမံကိန်းတို့ဖြစ်ကြောင်း သိရသည်။

Local Read 34 times