သီလဝါတွင်တည်ဆောက်မည့် အမေရိကန်ဒေါ်လာနှစ်ဘီလီယံခန့်တန်ဖိုးရှိလျှပ်စစ်ဓာတ်အားထုတ်စက်ရုံ


01 March, 2020

ဂျပန်နိုင်ငံက အမေရိကန်ဒေါ်လာ နှစ်ဘီလီယံခန့် ရင်းနှီးမြှုပ်နှံပြီး သဘာဝဓာတ်ငွေ့ရည်သုံး လျှပ်စစ်ဓာတ်အားထုတ်စက်ရုံကို

သီလဝါတွင်တည်ဆောက်ရန် ပြင်ဆင်နေကြောင်း မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းထံမှ သိရသည်။

 

အဆိုပါ စီမံကိန်းမှ လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၁,၂၀၀ ကျော် ထုတ်လုပ်နိုင်မည်ဖြစ်ပြီး

 

သီလဝါရှိ အကွက်အမှတ် (၂၇)၊ (၂၉)နှင့် (၂၈)တို့တွင် အကောင်အထည်ဖော်မည်ဖြစ်သည်။

 

ဂျပန်နိုင်ငံမှ မာရူဘီနီ-ဆူမီ တိုမို ကော်ပိုရေးရှင်းနှင့် ပြည်တွင်းအများပိုင်ကုမ္ပဏီတစ်ခု ပူးပေါင်း ၍ လျှပ်စစ်ထုတ်လုပ်ရေးလုပ်ငန်းကို

 

အကောင်အထည်ဖော်ရန် စီစဉ်နေပြီး လာမည့်နှစ်ဆန်းပိုင်းတွင် အစိုးရနှင့် လက်မှတ်ရေးထိုးရန် စီစဉ်ထားသည်။


လျှပ်စစ်ဓာတ်အားခ ဈေးမြင့်တက်ပြီးနောက် ဂျပန်ကုမ္ပဏီအချို့ လျှပ်စစ်ဓာတ်အားထုတ် လုပ်ရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံရန်ပြင်ဆင်နေကြောင်

 

း မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ချုပ်ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက ပြောသည်။


ဂျပန်နိုင်ငံမှ မစ်ဆူဘီရှီ၊ မာ ရူဘီနီနှင့် မစ်ဆူအီကုမ္ပဏီတို့က လျှပ်စစ်ဓာတ်အားမဂ္ဂါဝပ် ၁,၀၀၀ထုတ်လုပ်မည့်

 

စက်ရုံတည်ဆောက်ရင်းနှီးမြှုပ်နှံရန် ပြင်ဆင်နေသည်ဟု ၎င်းက ပြောသည်။


မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး ကဏ္ဍတွင် တရုတ်၊ စင်ကာပူနိုင်ငံအပါအဝင် အခြားနိုင်ငံအချို့က ရင်းနှီးမြှုပ်နှံ နေသော်လည်း ဂျပန်နိုင်ငံမပါဝင်ပေ။

 

ယခုကဲ့သို့ ရင်းနှီးမြှုပ်နှံမည့် အစီအစဉ်အကောင်အထည်ဖော်နိုင်ပါက ဂျပန်နိုင်ငံ၏ ပထမဆုံးရင်းနှီးမြှုပ်နှံမှုဖြစ်လာမည်။

Infrastructure and Zones Read 75 times