ရွှေလင်ဗန်းစက်မှုဇုန်တွင် အမေရိကန်ကုမ္ပဏီ HUBS MK ကို ကုန်စည်ထောက်ပံ့ပို့ဆောင်ရေးစခန်းတည်ဆောက်


01 January, 2020

အမေရိကန်ကုမ္ပဏီ HUBS MK ကို လှိုင်သာယာရွှေ လင်ဗန်းစက်မှုဇုန်တွင် ဒေါ်လာ သန်း ၁၀၀ ခန့်တန်ကုန်စည် ထောက်ပံ့ပို့ဆောင်ရေးဗဟိုစခန်း (Logistics Hub) တည်ဆောက် ခွင့်ပြုကြောင်း မြန်မာနိုင်ငံ ရင်းနှီး မြှုပ်နှံမှုကော်မရှင်ကထုတ်ပြန် ကြေညာသည်။

 အဆိုပါစီမံကိန်းကို လှိုင် သာယာမြို့နယ် ရွှေလင်ဗန်းစက် မှုဇုန်ရှိ အစိုးရပိုင်မြေဧက ၆၀ တွင် ဆောင်ရွက်ခြင်းဖြစ်သည်။

 သမိုင်းတစ်လျှောက် မြန်မာ နိုင်ငံတွင် အမေရိကန်နိုင်ငံမှ ဝင် ရောက်သည့် ရင်းနှီးမြှုပ်နှံမှုများ အနက် ပမာဏအများဆုံးဖြစ် ကြောင်း ရင်းနှီးမြှုပ်နှံမှုကော်မရှင် က ထုတ်ပြန်သောစာရင်းများ၌ ဖော်ပြထားသည်။

 HUBS MK ကုမ္ပဏီသည် မြန်မာနိုင်ငံ၌ ၂၀၁၈ ဇန်နဝါရီ တွင် ကုန်စည်ထောက်ပံ့ပို့ဆောင် ရေးဗဟိုစခန်းတည်ဆောက်ရေး စီမံကိန်းတည်ဆောက်ရန် စီးပွား ရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနလက်အောက်ရှိ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ နှင့် သဘောတူလက်မှတ်ရေးထိုး ခဲ့သည်။

 အဆိုပါကုမ္ပဏီ စတင်ဝင် ရောက်စဉ်က ကိုရီးယားကုမ္ပဏီ အဖြစ်ဝင်ရောက်ခဲ့သော်လည်း ကော်မရှင်က ခွင့်ပြုချိန်တွင် အ မေရိကန်ကုမ္ပဏီအဖြစ် ပြန်လည် ပြောင်းလဲပေးခြင်းဖြစ်သည်။

 ‘‘အမေရိကန်က ရှယ်ယာ ၉၉ ရာခိုင်နှုန်းနဲ့ ကိုရီးယားက ၁ ရာခိုင်နှုန်း ပိုင်တယ်။ ကိုရီးယား ကတစ်ဆင့်လာတဲ့ လုပ်ငန်းပါ’’ ဟု ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြား ရေးမှူးတစ်ဦးက ပြောသည်။

 မြန်မာနိုင်ငံသည် နိုင်ငံတ ကာကုန်သွယ်မှုတိုးတက်လာခြင်းကြောင့် နိုင်ငံတကာအဆင့်ရှိ ကုန်စည်ထောက်ပံ့ရေးစနစ် လို အပ်သည်။ ထိုမှသာ အရည်အ သွေးမြင့်ပို့ကုန်များရရှိပြီး ထုတ် လုပ်မှုစရိတ်၊ သယ်ယူပို့ဆောင်ရေးစရိတ်များ လျှော့ချနိုင်မည် ဟု စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနက ဆိုထား သည်။ ယင်းထောက်ပံ့ရေးစခန်း က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေထွက်ကုန်များ ကိုင်တွယ်မည်ဟု ဆိုသည်။

 မြန်မာနိုင်ငံတွင် အမေရိ ကန်နိုင်ငံက ဒေါ်လာသန်း ၅၀၀ ဖိုး ရင်းနှီးမြှုပ်နှံထားပြီး မြန်မာနိုင် ငံ၌ (၁၃) ဆင့်မြောက် ရင်းနှီးမြှုပ် နှံမှုအများဆုံးဖြစ်သည်။

Infrastructure and Zones Read 74 times