အသုံးဝင်နိုင်မည့်ဆောက်လုပ်ရေးဆိုင်ရာ တွက်ချက်နည်းများ


05 December, 2020

မြေတွက်နည်းမြေဧကဖွဲ့တွက်နည်း

တစ်ဧက = ၄၃၅၆ဝ စတုရန်းပေ

လေးနားညီ စတုရန်း= လျား ၂၀၈.၇၁ ပေ x နံ ၂၀၈.၇၁ ပေ။

နှစ်နားညီ စတုဂံ = လျားxနံ ÷ 43560နှစ်နားပြိုင် တြာဗီဇီယံ = ပြိုင်နား နှစ်ခုပေါင်း ÷၂ x နံ ÷ 43560

တိဂံ = .၅xအခြေxအမြင့် ÷ 43560

တြိဂံ = ½ အခြေxအမြင့် ÷ 43560

ထောင့်မှန် တြိဂံ - အခြေxအမြင့် = ရလာဒ် ÷ ၂ ÷ 43560

စက်ဝိုင်း - အချင်းဝက်x အချင်းဝက်x 3.1416 ÷ 43560

စက်ဝိုင်း - အချင်းxအချင်းx .၇၈၅၄ ÷ 43560

ပုံသေ မြှောက်ကိန်း .၇၈၅၄.၇၈၅၄ သည် ပိုင်ကိန်း ၃.၁၄၁၆ ကို (အနားလေးဖက်) ၄ နှင့်စားပြီး စတုရန်းကွက် ဖေါ ်သည်။

အနားငါးမျက်နှာ ၆မျက်နှာနှင့်

အနားများစွာ = စတုဂံ စတုရန်း တြိဂံစသည် အကွက်စိပ် ပြီးတွက် ရလာဒ်အားလုံးကိုပေါင်း၍ ၄၃၅၆၀ ဖြင့်စား။

မြန်မာလက်သမားတို့၏သစ်တွက်နည်း

*******************

သစ်တစ်တန်=၄ဝဝလက်မ သတ်မှတ်ပါသည်။

ဥပမာ ၂"X၁"( အရှည်၁၈ ပေ)=၂"ဟုသတ်မှတ်သည်။

၄၀၀ ÷၂= ၂၀၀ ထို့ကြောင့်

၂"၁"(အရှည်၁၈ပေ) ၂ဝဝ ချောင်းသည် တစ်တန်ဖြစ်သည်။

၂"၁"(အရှည်၁၈ပေ) ၂ဝဝ ချောင်းသည် တစ်တန်ဖြစ်သည်။

၃"၁"=၃"(အားလုံးပေရှည် ၁၈ပေမှတ်ယူရပါမည်)

၄"၁"=၄"(၁၀၀ချောင်း)

၅"၁"=၅"(၄၀၀စား၅ (၈၀ချောင်း)

၆"၁"=၆"(၆၆.၆ ချောင်း)

၃"ဝ.၅"=၁.၅"(၂၆.၆၆ ချောင်း)

၄"ဝ.၅"=၂"(၂၀၀ ချောင်း)

၄"x၄"=၁၆ လက္မ(၂၅ ချောင်း)

၅"x၅"=၂၅လက္မ(၁၆ ချောင်း)

ဥပမာ။တန်ဘိုး တစ်တန်=၄ဝဝဝဝဝဝကျပ်

၄၀၀၀၀၀%၄၀၀= ၁၀၀၀ ကျပ်(၁"တန်ဖိုးဖြစ်သည်)

၂"x၁၀၀၀=၂၀၀၀၀ကျပ်(၂"၁" ၁၈ပေတစ်ချောင်း၏တန်ဖိုးဖြစ်သည်။

အမြန်ဆုံးသောသစ်တွက်နည်း

ဥပမာ ...

သစ်တစ်တန် ၆၅၀၀၀၀ ဈေးဖြင့်

၄''x၂ '' (လေးနှစ်) ၁၈ ပေ တစ်ချောင်း

တန်ဖိုးကို တွက်ကြည့်မယ်

ဈေးနုှံး ကိုတည် ဒသမ သုညသုည နှစ်ငါး

ဖြင့်မြှောက် (၆၅၀၀၀၀ × •ဝဝ၂၅ )

ရလဒ်ကို သစ် ချောင်း ၏ ဒု × ဗျက် (၄''×၂'') ရလဒ်ဖြင့် ပြန် မြှောက်လိုက်ပါ

ဒါဆို ၄" × ၂" (လေးနှစ်) ၁၈ပေ တစ်

ချောင်း၏ တန်ဖိုး ရပါပြီ....

၆၅၀၀၀၀× •၀၀၂၅ = ၁၆၂၅

၄× ၂ = × ၈

-------------

၁ ၃၀၀၀

လေးနှစ်တစ်ချောင်းတန်ဖိုး ၁၃၀၀၀ဖြစ်ပါသည်...

မည်သည့် ဒု ဗျက်မည်သည့် ဈေး နှုန်းမဆို တွက်ကြည့်နိုင်ပါ သည်။

Local How To Read 154 times