ငမိုးရိပ်(သစ္စာလမ်း)တံတားသစ် တွင် ယာဉ်များဖြတ်သန်းသွားလာခွင့်ပြုတော့မည်


16 November, 2020

ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပမြို့နယ် သစ္စာလမ်းနှင့် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ ငါးမာန်ဆောင်ဘုရားလမ်းအား ဆက်သွယ်ပေးထားသော ငမိုးရိပ်ချောင်းကို

ဖြတ်သန်းတည်ဆောက်ထားသည့် ငမိုးရိပ်(သစ္စာလမ်း)တံတားသစ် တည်ဆောက်ရေးစီမံကိန်းမှာ ယခုအခါတံတားတစ်စင်းလုံးတည်ဆောက်ပြီးစီးသွားပြီဖြစ်သဖြင့် နိုဝင်ဘာ ၂၉တွင် ယာဉ်များဖြတ်သန်းသွားလာခွင့် ပြုမည်ဖြစ်ကြောင်း သိရသည်။

ငွေကျပ်သန်းပေါင်း ၅၂ဝဝ အကုန်အကျခံ တည်ဆောက်ထားသည့် ငမိုးရိပ်(သစ္စာလမ်း)တံတားသစ်အား သံကူကွန်ကရစ်၊ဘိုးပိုင် အုတ်မြစ်ဖြင့် တည်ဆောက်ထားခြင်းဖြစ်သည်။တံတား ၏အလယ်ခန်းအား Twin Box Girder သံပေါင် ရက်မတင်ထားပြီး ကျန်အပိုင်းများကို R.C.C စနစ်ဖြင့် ဆောင်ရွက်ထားကြောင်း သိရသည်။

တံတားသစ်ကို ကွန်ကရစ်တိုင်ပေါင်း ၁၆တိုင်ဖြင့် တည်ဆောက်ထားပြီး ပင်မတံတားအရှည်မှာ မီတာ ၂၈ဝ(၉၁၈ပေ) ရှိကြောင်း သိရသည်။

တောင်ဥက္ကလာပဘက်ခြမ်းရှိ ချဉ်းကပ်တံတားအရှည်မှုာ ၆၅မီတာ(၂၁၃ပေ)ရှိပြီး ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ဘက်ခြမ်းရှိ ချဉ်းကပ်တံတားအရှည်မှာ ၆၃မီတာ(၂ဝ၇ပေ)ရှိကြောင်း နှင့်

စုစုပေါင်း ပေအရှည် ၁၃၂၈ပေရှိကြောင်း သိရသည်။

Design and Build နည်းစနစ်ဖြင့် တည်ဆောက်ထားသော ယင်းတံတားသစ်မှာ ရေပြည့်ချိန်တွင် အလျားလိုက်ရေလမ်းကင်းလွတ်နယ်မြေ မီတာ၅ဝရှိပြီး အထက်အောက်အမြင့်မှာ ရေလမ်းကင်းလွတ်နယ်မြေ ၅ဒဿမ ၅မီတာရှိမည်ဖြစ်ကြောင်း သိရသည်။

တံတားမှာ နှစ်လမ်းသွားဖြစ်ပြီး ယာဉ်သွားလမ်းအကျယ် ၂၃ပေ ရှိပြီး တံတား၏တစ်ဖက်တစ်ချက်စီတွင် လူူသွားလမ်းပလက်ဖောင်းများ ၁ဒသမ ရ၅မီတာစီ ပါဝင်ကြောင်း သိရသည်။

မြို့နယ်နှစ်မြို့နယ်ရှိပြည်သူများ အဆင်ပြေစေရန်အတွက် တံတားအပေါ်တွင်အချင်း ၁၈လက်မရှိသော ရေပိုက်အသစ်နှစ်လုံးကို တောင်ဥက္ကလာပမြို့နယ်နှင့် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ကို ဆက်သွယ်ထည့်သွင်းနိုင်ရန်ဆောင်ရွက်ထားကြောင်း သိရသည်။

တံတားသစ်ကို ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ကြီကြပ်ကာ အင်ဂျင်နီယာ၃ဝ၊ကျွမ်းကျင်လုပ်သား ၃ဝဝခန့်ဖြင့် နေ့ ၊ညဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

တံတားတည်ဆောက်ရေးကို တာဝန်ယူခဲ့သူတစ်ဦးမှ တံတားတည်ဆောက်ချိန်တွင် မိုးတွင်းကာလဖြစ်ခဲ့သည့်အတွက် အခက်အခဲ ရှိခဲ့သည်။မြောက်ဒဂုံမြို့နယ်နှင့် တောင်ဥက္ကလာပမြို့နယ်တွင် နေကြသည့်

သူများအတွက် ဘေလီတံတားကို အသုံးပြု၍ သွားလာနေကြရသည်။

ထိုတံတားသစ်ကြီး တည်ဆောက်ပြီးစီးသွားသည့်အတွက် ဘေလီတံတားတွင်လည်း ယာဉ်ကြောကျပ်တည်းမှုသက်သာသွားမည်ဖြစ်ကြောင်း သိရသည်။

ယခုအခါ ငမိုးရိပ်(သစ္စာလမ်း)တံတားပေါ်တွင် ပြည်သူများ ဖြတ်သန်းသွားလာနေကြပြီဖြစ်ကာ ယင်းတံတားသစ်ကို ဧပြီလပိုင်းတွင် စတင်တည်ဆောက်ခဲ့ပြီး စက်တင်ဘာ ၅ရက်တွင် အပြီးသတ်တည်ဆောက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Source:The Mirror

Infrastructure and Zones Read 64 times