Victoria Cliff Hotel & Resort


27 October, 2020

Victoria Cliff Hotel & Resort စီမံကိန်းကို အမှတ် ၁၊ဗိုလ်ချုပ်လမ်း၊ ရွှေပြည့်စုံရပ်ကွက်၊ ၄ မိုင်­­­­­­ ကော့သောင်းမြို့တွင် တည်ဆောက်ထားခြင်း ဖြစ်သည်။

ဟိုတယ်အပန်းဖြေစခန်းဆောက်လုပ်ထားသောညောင်ဦးဖီးကျွန်းသည် ထိုင်းနိုင်ငံ Koh Song (Victoria Point) မှ ရေမိုင် ၃၈ မိုင်အကွာတွင်ရှိပြီး စပိဘုတ်ဖြင့်လာလျှင် ၄၈ မိနစ်ခန့်သာကြာမြင့်မည်ဟုသိရသည်။

ယင်းအပန်းဖြေစခန်းသည် မြေဧရိယာ ၂၄ ဧကပေါ်တွင် တည်ဆောက်ထားပြီး အက်ဒမန်ပင်လယ်ကွေ့ဒေသရှိညောင်ဦးဖီးကျွန်းတွင် တည်ရှိပြီး ယင်းညောင်ဦးဖီးကျွန်းကို ထိုင်းလုပ်ငန်းရှင်များက နှစ်ရှည် ငှားရမ်းလုပ်ကိုင်ခွင့် ရရှိထားခြင်းဖြစ်သည်။

ထိုဟိုတယ်အပန်းဖြေစခန်းအဆောက်အဦးကို ထိုင်းနိုင်ငံမှကုမ္ပဏီများမှတာဝန်ယူဆောက်လုပ်ပေးထားပြီး ဒီဇိုင်းရေးဆွဲပေးထားကြောင်းသိရသည်။

ယင်းဟိုတယ်ကို ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ဧည့်သည်အဝင်စတင်လက်ခံနေပြီး ၂၀၁၆ ခုနှစ် အောက်တိုဘာလတွင် တရားဝင်ဖွင့်လှစ်နိုင်မည်ဟု သိရသည်။

ထိုအဆောက်အဦးတွင် အခန်းပေါင်း၄၀ ပါဝင်ပြီး အဲကွန်းစနစ်ပါ အခန်း ၁၂ ခန်းနှင့် သီးသန့်အခန်း ၁၈ ခန်းထားရှိသည်။

ယင်းဟိုတယ်အပန်းဖြေစခန်းတွင် ရေကူးကန်၊စားသောက်ဆိုင်၊ဘားများ၊ အားကစားခန်းမများအစရှိသည့် facilities များပါဝင်သည်။

ထိုဟိုတယ်သည် ကြယ် ၄ ပွင့်အဆင့်ရှိဟိုတယ်ဖြစ်ပြီး အခန်းအမျိုးအစား ၄ မျိုးဖြင့် ဖွဲ့စည်းထားကြောင်း သိရသည်။

အခန်းအမျိုးအစားများမှာ Ocean view wing ၊ Lake view villa၊ Hillside Villa နှင့် Ocean view vialla တို့ဖြစ်ပါသည်။

အခန်း pricing မှာ တစ်ညလျှင် ဒေါ်လာ ၁၂၀ မှ ၁၆၀ ထိရှိမည်ဟု သိရသည်။

This is an original writing of Myanmar Builders Guide based on information sourced from Victoria cliff website, the nation website,Phyi Myanmar newspaper and Victoria cliff hotel & resort.

Hospitality Read 248 times