ကြံ့ခိုင်မှုအားနည်းနေလျက်ရှိသည့် ဝါးခယ်မကြိုးတံတားအား အဆင့်မြှင့်တင်နိုင်ရန် စတင်ဖျက်သိမ်းနေပြီဖြစ်သောကြောင့် ဇန်နဝါရီလ ၅ ရက်နေ့မှ စတင်ကာ ဇက်ရေယာဉ်များပြေးဆွဲပေးလျက်ရှိနေပြီး ကျွန်းကုန်းကြိးတံတားအား အသစ်ထပ်မံတည်ဆောက်ရန် စတင်လုပ်ဆောင်နေပြိဖြစ်ကြောင်း သတင်းရရှိသည်။
မြောင်းမြကြိုးတံတား ပျက်ကျပြီးနောက် မြန်မာနိုင်ငံအတွင်းရှိ ကျန်ရှိနေသော ကြိုး တံတားများကို စစ်ဆေးရာတွင် အန္တရာယ်ရှိ ကြိုးတံတားများအဖြစ် သတ်မှတ်ခံရသည့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ လပွတ္တာ (ပင်လယ်လေး) ကြိုးတံတား၊ ဝါးခယ်မကြိုး တံတား၊ ရွှေလောင်းကြိုးတံတားနှင့် ကျွန်း ကုန်းတံတားများအနက် လပွတ္တာ(ပင်လယ် လေး) ကြိုးတံတားမှာ ၂၀၁၈ ခုနှစ် ဒီဇင်ဘာ လအတွင်းတွင် စတင်ဖြုတ်သိမ်းခဲ့ကြောင်း၊ ထို့နောက် ဝါးခယ်မကြိုးတံတားကိုပါ အဆင့် မြှင့်တင်နိုင်ရန်အတွက် စီမံကိန်းများရေးဆွဲ လုပ်ဆောင်နေရာတွင် ဇန်နဝါရီ ၅ ရက်မှ စတင်ကာ တံတားပေါ် ဖြတ်သန်းသွားလာခွင့် ကိုပိတ်သိမ်း၍ဇက်ရေယာဉ်များဖြင့် စမ်းသပ် ပြေးဆွဲပေးနေလျက်ရှိကြောင်း၊ မကြာမီရက် ပိုင်းအတွင်း ရွှေလောင်းကြိုးတံတားကိုပါ ဖျက်သိမ်းကာ အဆင့်မြှင့်တင်သွားမည်ဖြစ်ကြောင်း၊ ကျွန်းကုန်းတံတားကိုမူအသစ်ထပ် မံတည်ဆောက်ရန် မြေနေရာလေ့လာမှုများ စီမံကိန်းရေးဆွဲမှုများ လုပ်ဆောင်နေပြီဖြစ် ကြောင်း သိရသည်။
“စမ်းသပ်ပြီးပြေးဆွဲနေတာပါ။ အကုန်လုံးအဆင်ပြေချောမွေ့ပြီဆိုတာနဲ့တံတားကိုအပြီးပိတ်သိမ်းသွားပြီးတော့ ပြင်ဆင်မှာပါ။ အခုကဇက်ကတစ်စင်းပဲရှိသေးလို့အရန်ဇက် တစ်ခုကိုလည်း ချထားပေးဖို့လုပ်ဆောင်နေ ပါတယ်။ မြို့နယ်အလိုက် ကော်မတီတွေကိုလည်း ဖွဲ့စည်းပေးထားပြီးတော့ ကော်မတီ တွေက အနီးကပ်ဆောင်ရွက်ပေးသွားမှာပါ။ ရွှေလောင်းတံတားကိုလည်း ပိတ်သိမ်းပြင်ဆင်နိုင်ရန် ဒီရက်ပိုင်းအတွင်းမှာပဲ လုပ်ဆောင်သွားမှာပါ။ကျွန်းကုန်းတံတားကို အသစ်တည်ဆောက်ဖို့ကတော့ ယခုနှစ်အတွင်းမှာပဲ အကောင်အထည်ဖော်ဖို့ လုပ်ဆောင်နေပါတယ်ဟု ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လျှပ်စစ်၊ လမ်းပန်းနှင့် စက်မှုဝန်ကြီးဦးဝင်းဌေးက
ပြောကြားသည်။
ဝါးခယ်မကြိုးတံတား ပြင်ဆင်နေမှုနှင့် ပတ်သက်၍ ဒေသခံတစ်ဦးဖြစ်သူ ဦးမြင့်လွင်က “ တံတားပြင်နေချိန်အတွင်းမှာတော့ ဝါးခယ်မက တော်တော်ဒုက္ခရောက်မှာ။ အခုကဇက်တစ်ခုပဲ ကူးရသေးတယ်။ ရန်ကုန်ကိုသွားလာဖို့က ရွှေလောင်းပါ ပိတ်ပြီဆိုရင် ဇက်နှစ်ဆင့်သွားလာရတာ လုံးဝမလွယ်ကူတော့။ခရီးသည်ကားတွေလည်းနှစ်ဆင့်လောက်ကို ပြောင်းပေးဖို့မလွယ်ဘူး။ ကားပါမလုံမလောက်ဖြစ်ကုန်မယ်။ ကျွန်းကုန်းဘက်ကလှည့်ရအောင်လည်း ကျွန်းကုန်းတံတား တန်ချိန်ကန့်သတ်ထားတေ့ာ အဆင်မပြေဘူး။ ကုန်ဈေးနှုန်းတွေ မြင့်တက်လာမှာတော့ သေချာတယ်။အရင်လိုပြည်တွင်းရေကြောင်းက သင်္ဘောများပြန်ပြေးဆွဲပေးစေချင်တယ်”ဟုပြောကြားသည်။
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အန္တရာယ်အရှိဆုံး ကြိုးတံတားများကို ၂၀၁၉ ခုနှစ်အတွင်း အပြီးဖြုတ်သိမ်းကာ အဆင့်မြှင့်တင်နိုင်ရန် လုပ်ဆောင်နေလျက်ရှိပြီး တံတားအဆင့်မြှင့်တင်နိုင်ရေးနှင့် လိုအပ်သည့် Box Girder များအချိန်မီရရှိနိုင်ရန်လိုအပ်ကြောင်းသိရသည်။