အွန်လိုင်းစနစ်ဖြင့် ပေးဆောင်နိုင်တော့မည့် ရေမီတာများ၏ ရေသုံးစွဲမှု


20 November, 2020

မန္တလေးမြို့ တွင် အသုံးပြုနေသည့် ရေမီတာများ၏ ရေသုံးစွဲမှု့ ပေးဝေခြင်းများကို သက်ဆိုင်ရာမြို့နယ် နှင့်အလိုက် အခွန်ဌာနများ အသီးသီး၌ ချမှတ်ထားသော

နေရာများတွင် ပေးဆောင်ရာမှ ယခုအခါတွင် အွန်လိုင်းစနစ်ဖြင့် ပေးဆောင်နိုင်ရန် စတင်၍ စီစဉ်ဆောင်ရွက်နေပြီ ဖြစ်ကြောင်းကိုလည်း စည်ပင်သာယာရေးကော်မတီထံမှ တဆင့်သိခဲ့ရပါသည်။

အွန်လိုင်းစနစ်ဖြင့် ပေးဆောင်နိုင်ရာတွင်လည်း ဧရာဝတီဘဏ် ၊ KBZ ဘဏ်တို့ဖြင့် ချိတ်ဆက်နိုင်ရန် ဆောင်ရွက်နေခဲ့သည်။

ယခု ညှိနှိုင်းမှုများ အရ ဧရာဝတီဘဏ် နဲ့က တော်တော်လေးနီးစပ်နေသည်။ရေသုံးစွဲသည့် သူများ၏ အကောင့်တွေကလည်း ဖြတ်တောက်သွားမည်ဖြစ်သည်။ဖြစ်နိုင်ရင်

လမ်းဘေး ကွမ်းယာဆိုင်တွေမှာကအစ ငွေဖြည့်ကဒ်လို့ပုံစံလေးတွေ နဲ့ ရောင်းချသွားနိုင်ဖို့ အထိကိုလည်း လုပ်ဆောင်သွားမည်။

အခြား အခွန်ကိစ္စငွေပေးချေမှု့ အတွက်လည်း ထပ်မံချိတ်ဆက်နေသည်ဟု စည်ပင်သာယာရေး ကော်မတီဝင် တစ်ဦးမှ ပြောသည်။

အွန်လိုင်းစနစ်ဖြင့် ငွေပေးချေနိုင်ရေးအတွက်   စက်မီတာအလုံး အသစ် ၃ဝဝဝ ခန့် ဖြင့် စမ်းသပ်မှု့များကို လုပ်ဆောင်သွားမည်ဖြစ်ကာ ကျန်ရှိနေသေးသော မီတာများကိုပါ

ပြောင်းလဲ အသုံးပြုသွားမည် ဟုလည်း ပြောဆိုခဲ့ကြပါသည်။

ယခုလက်ရှိအသုံးပြုနေသည့် ရေမီတာ အ လုံး ၉၇ဝဝဝ ကျော် အနက် ၂၈ဝဝဝ ခန့်မှာ ရေမလာခြင်း၊ ရေမီတာ အလုံးရေ ၉ဝဝဝ ကျော် မှာ ပျက်စီး၊မှန်ကွဲ နေသည့်အတွက် ပြန်လည်ပြုပြင်နိုင်ရန်

ကွင်ဆင်းဆောင်ရွက်မှုများကို လုပ်ဆောင်နေကြောင်း ရေ နှင့် သန့်ရှင်းမှုဌာန ၊ဌာနမှူး (ယာယီ) မှ ပြောကြားခဲ့သည်။

၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာရေးနှစ်မှ စတင်ကာ မန္တလေးမြို့တော်စည်ပင်သာယာက ဖြန့်ဖြူးပေးဝေ နေသည့် ရေကို ရေသုံးစွဲ ပြည်သူများအနေဖြင့် ရေဂါလံ ၂၂ဝ ရှိရေမီတာ တစ်ယူနစ် ၂ဝဝ ကျပ်နှုန်းအပြင် ရေမီတာ ငှားရမ်းခအဖြစ် စည်းကြပ်ငွေ အခွန် ၁ဝဝ ကျပ်ကိုပါ မန္တလေးမြို့တော် စည်ပင်သာယာကိုပေးဆောင်ရသည်။

မန္တလေးမြို့တော်စည်ပင်သာယာရေးနယ်နမိတ်အတွင်း အောင်မြေသာစံ၊ချမ်းအေးသာစံ၊မဟာ အောင်မြေ၊ ချမ်းမြသာစည်မြို့နယ်တို့တွင် ရေလိုအပ်ချက်၏ ၇ဝ ရာခိုင်နှုန်းခန့်ကိုသာ

ဖြန့်ဖြူး ပေးဝေနိုင်သော်လည်း ၊ ပြည်ကြီးတံခွန် မြို့နယ်တစ်ခုလုံး၏ ရေလိုအပ်ချက် ၁ဝ ရာခိုင်နှုန်းခန့်နှင့် အမရပူမြို့နယ်တစ်ခုလုံးရေလို အပ်ချက်၏ ၃ဝ ရာခိုင်နှုန်းခန့်ကိုသာ

ဖြန့်ဖြူးပေးဝေနိုင်သေး ကြောင်း ရေနှင့်သန့်ရှင်းမှုဌာန စာရင်းများအရသိရသည်။

Local Read 51 times