အိမ်ဝယ်ပြီး ငွေအကျေချေတော့မည် ဆိုလျှင်???


23 November, 2020

အိမ်ဝယ်ပြီး ငွေအကျေချေတော့မည်ဆိုလျှင်အိမ်ဝယ်ပြီး ငွေအကျေမပေးချေမီမှာ သိထားသင့်တဲ့ အချက်အလက်တွေကို သေသေချာချာလေ့လာပြီးတော့မှ ပေးချေသင့်ပါတယ်။

ငွေအပြည့်မပေးချေမီမှာ အရင်ဆုံး သတင်းစာမှာ ကန့်ကွက်မှုရှိမရှိဆိုတာကို သိဖို့လိုပါ သည်။

ထို့အပြင် အရောင်းအဝယ်ပြုလုပ်ရန်အတွက်သာလို့ ဖော်ပြထားတဲ့ မြေပုံ၊ မြေရာဇဝင်၊ လိုအပ်ရင် အသုံးပြုနိုင်မယ့် စာချုပ်စာတမ်းမှတ်ပုံတင်ရုံးမှာ မှတ်ပုံတင်ပြီးသား 

Special Power (SP) တစ်စောင်နဲ့ တခြား မှတ်ပုံတင်ပြီးသား အိမ်ခြံမြေဂရမ်တွေနဲ့ ဆက်စပ်စာချုပ်တွေ၊ မိမိဝယ်ယူထားသည့် အဆောက်အအုံ မြေနေရာမှာ ကျူးကျော်နေထိုင်သူများ၊

ငှားရမ်းနေထိုင်သူများရှိမရှိစတာတွေကို သေချာစိစစ်လေ့လာပြီးမှ ငွေပေးချေမှုကို ပြု လုပ် သင့်ပါသည်။

 

စာချုပ်ချုပ်ဆိုရာမှာလည်း အခွန်ကိစ္စကိုအကြောင်းပြပြီး စာချုပ်နှစ်မျိုးချုပ်ဖို့ တောင်းဆိုလာရင်လည်း လက်မခံဖို့ တိုက်တွန်းလိုသည်။

အရောင်းအဝယ်ဖြစ်သည့် ဈေးအတိုင်းစာချုပ်မချုပ်ဘဲ လျော့ချုပ်တာက ဥပဒေနဲ့လည်း မညီပါဘူး။ အခွန်သက်သာချင်လို့ စာချုပ်မှာ ဈေး ကို လျော့ချုပ်တာ မလုပ်သင့်ပါဘူး။

မလိုလားအပ်ဘဲ အမှုအခင်း တွေ ဖြစ်လာတတ်ပါတယ်။ တစ်ချို့က နားလည်မှာနဲ့ ဈေးကို လျော့ ချုပ်ကြပေမဲ့ ပြဿနာတက်လာရင် ဥပဒေနဲ့ အညီ ဖြေရှင်းရမှာဖြစ်သည်။

ဥပဒေနဲ့အညီ ဖြေရှင်းရတဲ့ အချိန်ကျမှ နားလည်မှုနဲ့ လျော့ချုပ်ကြတာပါလို့ ပြောလို့မရပါဘူး။ ချုပ်ထားတဲ့ စာချုပ်က အတည်ဖြစ်တဲ့ အတွက် အိမ်ရှင်ကပဲ နစ်နာပါလိမ့်မည်။

စာချုပ်ကို တန်ဖိုး အတိုင်းချုပ်တာကြောင့် ဘယ်သူမှလည်း မနစ်နစ်ပါဘူး။ အစိုးရက သတ်မှတ် ထားသည့် အခွန်ကို မှန်မှန်ကန်ကန် ပေးဆောင်တာက တစ်နေရာရာမှာ အသုံးဝင်မှာပါ။

အရောင်းအဝယ်စာချုပ်ချုပ်တဲ့အခါမှာ တန်ဖိုးအတိုင်းပဲ ချုပ်ကြပါ။ တိုင်းပြည်တိုးတက်ဖို့အတွက် သတ်မှတ်အခွန်ကို ပေးဆောင်ပါ လို့ Home Group အိမ်ခြံမြေစာချုပ်စာတမ်း

ဥပဒေဝန်ဆောင်မှုလုပ်ငန်းရဲ့ မန်နေဂျင်းဒါရိုက်တာမှ ပြောကြားသည်။

How To Read 52 times