အဆောက်အအုံဆောက်လုပ်ခွင့်လျောက်ထားရာတွင် ပါဝင်ရမည့်အချက်များကို အောက်မှာ ဖော်ပြပေးလိုက်ရပါတယ်။
၁။ မြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှုရုံးသို့ အဆောက်အအုံ ဆောက်လုပ်ခွင့် လျောက်ထားရာတွင် အောက်ဖော်ပြပါ အချက်များကို သတ်မှတ်လျောက်လွှာပုံစံနှင့်အတူ ပူးတွဲတင်ပြရမည်။
ဌာနမှ သတ်မှတ်လျောက်လွှာ
အိမ်ငှားမရှိလျှင် ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်နှင့် အိမ်ငှားရှိလျှင်ရပ်ကွက်အုပ်ချုပ်ရေးမှူးထောက်ခံချက်နှင့် အိမ်ငှားရှိလျှင်ရပ်ကွက်အုပ်ချုပ်ရေးမှူးထောက်ခံချက်အပြင် မြို့နယ်အုပ်ချုပ်ရေးမှူး၏ ထပ်ဆင့်ထောက်ခံချက်
သက်ဆိုင်ရာဌာနမှ(၃)နှစ်အတွင်း ထုတ်ပေးထားသော မြေပုံ/ မြေရာဇဝင်မူရင်း
ဂရန်မိတ္တူ(သို့) နယ်နိမိတ်တိုင်းတာသတ်မှတ်သည့်မြေပုံ(မူရင်းနှင့် တိုက်ဆိုင်စစ်ဆေးရန်)
ဘေးမြေကွက်များမှ ကန့်သတ်ရန်မရှိကြောင်းနှင့် ရပ်ကွက်အုပ်ချုရေးမှူး၏ ထပ်ဆင့်ထောက်ခံချက်
လျောက်ထားသူ၏ မှတ်ပုံတင်မိတ္တူ
မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံ၏ အခွန်ကြွေးကျန် ကင်းရှင်းကြောင်း ထောက်ခံချက်
လိုင်စင်ရအင်ဂျင်နီယာမှ လက်မှတ်ရေးထိုးထားသော အဆိုပြုပုံ(၃)စုံ
(၃)ထပ်နှင့်အထက် အဆောက်အအုံများအတွက် အဆောက်အုံအင်ဂျင်နီယာ (SEC)မှ တွက်ချက်တင်ပြထားသည့် အဆောက်အအုံ၏ ခိုင်မာမှုဆိုင်ရာ တွက်ချက်ပုံစံ(၁)စုံ
(၄)ထပ်နှင့်အထက် အဆောက်အအုံများအတွက် အထက်ပါအချက်များအပြင် အောက်ပါအချက်များပါ တင်ပြရန်လိုပါသည်။
(က) မြေပိုင်ရှင်၊ လိုင်စင်ကန်ထရိုက်တာ၊ လိုင်စင်အင်ဂျင်နီယာ၊ အဆောက်အအုံအင်ဂျင်နီယာတို့၏ အဆောက်အအုံဆောက်လုပ်ခြင်းနှင့် စပ်လျဉ်း၍ လိုက်နာဆောင်ရွက်မည်ဖြစ်ကြောင်း ဝန်ခံကတိ
(ခ) မြေခံနိုင်အား စမ်းသပ်မှု (Soil Test)
(ဂ) ဝဲ၊ ယာတွင် အထပ်မြင့်အဆောက်အအုံရှိပါက၎င်းအဆောက်အဦးများ၏ Theodolite Readingတို့ ဖြစ်ပါတယ်။