အိမ်ခြံမြေမှာ သင်ရင်းနှီးမြှုပ်နှံတော့မှာလား?


05 December, 2020

အိမ်ခြံမြေ မှာ သင်ရင်းနှီးမြှုပ်နှံတော့မှာလား?ဒါလေးတွေ သိထားဖို့တော့ လိုမယ်နော်။

          အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုလုပ်ငန်းမှာဈေးကွက်ကို နားလည်ကြပြီး ကျွမ်းကျင်တဲ့ အိမ်ခြံမြေရင်းနှီးမြှုပ်နှံသူတွေ ကျင့်သုံးတဲ့ နည်းငါးနည်း ရှိတယ်လို့ အိမ်ခြံမြေ
အကျိုးဆောင်တွေဆီက သိရပါတယ် ။

"အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှု လုပ်ငန်းနဲ့ စီးပွားဖြစ်သူတွေက
- ဈေးကွက်ကို နားလည်ကြတယ် ၊
- အသစ်ဆောက်မယ့် စီမံကိန်းတွေကို သိရမယ် ၊
- လမ်းပန်းဆက်သွယ်ရေးနဲ့ သူတို့ရင်းနှီးမြှုပ်နှံမယ့်နယ်မြေဒေသနဲ့ ပတ်သက်တဲ့အကြောင်းအရာတွေကိုသိရမယ် ၊ ဒီအချက်တွေအားလုံးကို သိရှိထားရမှာဖြစ်ပါတယ်"

လို့အိမ်ခြံမြေအကျိုးဆောင်တစ်ဦးကပြောပါတယ် ။

ကျင့်သုံးတဲ့ နည်းငါးနည်းကတော့-

(၁) ဒေသတွင်းဈေးနှုန်း ၊
(၂) တိုးတက်ပြောင်းလဲမှုကို ရှာဖွေရမယ် ၊
(၃) အခွန်သက်သာမယ့် နည်းလမ်းကို ရှာဖွေရမယ် ၊
(၄) ပေါင်နှံရောင်းချခြင်းတွေအတွက် သဘောတူမှုရယူပါ ၊
(၅) ဆင်ခြေဖုံးရပ်ကွက်ကို စောင့်ကြည့်ရမယ် ဆိုတဲ့
အချက်တွေကို ကျင့်သုံးကြတာ ဖြစ်ပါတယ် ။

ဒေသတွင်းဈေးနှုန်း

          ပထမဆုံးလေ့လာရမှက လတ်တလောဈေးနှုန်းအခြေအနေဖြစ်ပါတယ် ။ရင်းနှီးမြှုပ်နှံသူတစ်ယောက်အနေနဲ့ ဒေသတစ်ခု အတွင်းရှိအိမ်ဈေးနှုန်းက တခြားနေရာတွေထက် ပိုပြီး မြင့်တက်နေသလားဆိုတာ စုံစမ်းသင့် ပါတယ် ။
နောက်တစ်ချက်က ဒေသတွင်းရှိ အိမ်ခြံမြေဈေးနှုန်းတွေက တခြားသောအိမ်နီးချင်း မြို့တွေထက် ပိုပြီးများသလားဆိုတာ စစ်ဆေးရပါတယ် ။အဲသည်လို စုံစမ်းခြင်းဟာ ဘယ်နေရာမှာ ဈေးကွက်ဝယ်လိုအား အများဆုံးဆိုတာ သိရှိစေနိုင်ပါတယ်။ဒါ့အပြင် အချိန်ကြာလာတာနဲ့အမျှ ဘယ်အိမ်ဈေးနှုန်းကသင့်တယ် ၊ ဘယ်ဈေးနှုန်းက မတန်တဆများတယ်ဆိုတာကိုလည်း သိရှိလာပါတယ်။

တိုးတက်ပြောင်းလဲမှု


          တိုးတက်ပြောင်းလဲမှုကို လေ့လာသင့်ပါတယ် ။နယ်မြေဒေသတစ်ခုမှာ အခြေခံအဆောက်အအုံတွေဆောက်လုပ်တာက လူကြိုက်များတဲ့ အရိပ်အခြည်တွေဖြစ်ပါတယ်။အဓိက လမ်းမကြီးဝန်းကျင်မှာ အဆောက်အအုံတွေခွာပြီးဆောက်လုပ်နေတာတွေက သိသာတဲ့ အရိပ်အခြည်တွေ
ဖြစ်တယ် ။နောက်တစ်ချက်က စည်ပင်သာယာရုံးကို သွားပြီးလမ်းတံတား ၊ အဆောက်အအုံဌာနက ဝန်ထမ်းတွေနဲ့စကားပြောဆိုသင့်ပါတယ် ။သူတို့ဆီက ဆောက်လုပ်မယ့် အဓိက စီမံကိန်းတွေအကြောင်း သိရှိနိုင်ပါတယ် ။ဘာကြောင့်လဲဆိုရင် အိမ်ခြံမြေ အကျိုးဆောင်တွကအသစ်ဆောက်မယ့် စီမံကိန်းတွေအကြောင်းသိရှိထားတဲ့အတွက် ဖြစ်ပါတယ် ။

အခွန်သက်သာမယ့် နည်းလမ်း

           အခွန်သက်သာမယ့်နည်းလမ်းတွေ ရှာဖွေရပါမယ် ။ဘေးချင်းကပ်မြို့နှစ်မြို့မှာ တစ်မြို့က အိမ်ခွန်တွေမြင့်တက်ပြီး အခြားတစ်မြို့က အိမ်ခွန်ပေးဆောင်ရတာနည်းတယ်ဆိုရင် အိမ်ခွန်ပေးဆောင်ရတာ နည်းတဲ့မြို့ကအိမ်အဝယ်လိုက်ပါတယ်။ဒါကြောင့် အိမ်ခြံမြေ အကျိုးဆောင်တွေဟာ ဘယ်နေရာကအခွန်စနစ်အကောင်းဆုံးဖြစ်တယ် ။ဘယ်နေရာမှာ အခွန်စနစ်က ဆိုးဝါးနေတယ် ဆိုတာလေ့လာသင့်ပါတယ် ။(မြို့နယ်အလိုက် တစ်ပေပတ်လည် စံနှုန်းသတ်မှတ်ချက်များမတူညီပါ။)

သဘောတူညီမှုရယူပါ

          ပေါင်နှံရောင်းချခြင်းတွေအတွက် ကြိုတင်သဘောတူညီမှုရယူတာက အကျိုးကျေးဇူးတွေ ခံစားရနိုင်ပါတယ် ။ငွေကြေးအကျိုးအမြတ်ကို ခံစားနိုင်မှာ ဖြစ်ပါတယ် ။အဲသည်လိုပေါင်နှံရောင်းချဖို့ သဘောတူပြီးတာနဲ့ငွေထုတ်ချေးသူအများစုက ပုံသေအတိုးနှုန်းကိုသတ်မှတ်ပေးမှာဖြစ်ပါတယ် ။(မြေနဲ့အိမ်အပေါင်ထားခြင်းနှင့် တိုက်ခန်းအပေါင်ထားခြင်းတွင် ကွဲပြားမှု ရှိပါသည်။)

ဆင်ခြေဖုံးကို စောင့်ကြည့်ပါ

          ဆင်ခြေဖုံးရက်ကွက်ကို စောင့်ကြည့်သင့်ပါတယ် ။မြို့တော်ကြီးတွေနဲ့ မြို့တွေမှာ အိမ်ခြံမြေဈေးအဆမတန်မြင့်တက်လာတဲ့အခါ မကြာခင်မှာပဲ ဆင်ခြေဖုံးရပ်ကွက်တွေမှာ အဝယ်လိုက်လာပါမယ် ။အထူးသဖြင့်တော့ ကားလမ်း ၊ ရထားဘူတာ ၊ ကားမှတ်တိုင်ဆောက်လုပ်မယ့် နေရာတစ်ဝိုက်မှာ ဝယ်လိုအား မြင့်တက်နိုင်ပါတယ်လို့ အိြမ်ခံမြေအကျိုးဆောင်တစ်ဦးဆီ ကသိရပါတယ် ။

Local Tips Read 88 times