ယနေ့ခေတ်မှာ သစ်သားဖြင့် အိမ်ဆောက်လုပ်ခြင်းမှာ ရှားပါးလာသော်လည်း သစ်သားဖြင့် အိမ်အလှဆင်ခြင်းကို နယ်မြို့များတွင်သာမက ခေတ်မီတိုးတက်လာတဲ့ မြို့ပြကြီးတွေမှာပါ သစ်သားဖြင့် အိမ်အလှဆင်နေကြဆဲ ဖြစ်ပါတယ်။
သစ်သားကို အသုံးပြုရာမှာ မသုံးအပ်တဲ့ သစ်အမျိုးအစားတွေကို ရှေးစာပေ၊ ကျမ်းဂန်တွေမှာ ဖော်ပြထားခဲ့ကြပါတယ်။ ဒီအဆိုအမိန့်တွေကိုလည်း ယခင်ခေတ်အဆက်ဆက်က လိုက်နာကျင့်သုံးခဲ့ကြပါတယ်။
အလှဆင်တာပဲဖြစ်ဖြစ်၊ အိမ်ဆောက်ရာမှာ အသုံးပြုတာပဲဖြစ်ဖြစ် မသုံးအပ်တဲ့ သစ်အမျိုးအစားတွေကတော့....
(၁) မိကျောင်းသစ်
(၂) မအူသစ်
(၃) သခွတ်သစ်
(၄) ညောင်သစ်
(၅) သျှစ်သျှားသစ်
(၆) သီး(သား)ပင်မှ ရတဲ့သစ်
(၇) သပြေပင်မှ ရတဲ့ သစ်
(၈) သစ်စိမ်ရေသား
(၉) ကလော
(၁၀) လက်ပံပင်မှ ရရှိတဲ့ သစ်
(၁၁) လဲပင်မှ ရရှိသောသစ် စတဲ့ သစ်အမျိုးအစား (၁၁)မျိုးကို အိမ်ဆောက်ရာတွင်လည်းကောင်း၊ သစ်သားဖြင့် အိမ်အလှဆင်ရာတွင်လည်းကောင်း အသုံးမပြုရပါ။
အဆိုပါသစ်အမျိုးအစားတွေကို ရှောင်ကျဉ်မယ်ဆိုရင်တော့ သင့်အိမ်ဟာ စီးပွားတိုးတက်ခြင်း၊ ကံကောင်းခြင်းတွေနဲ့ ပြည့်စုံစေမှာ ဖြစ်ပါတယ်။