Yae Kyaw Complex


27 October, 2020

စီမံကိန်းကို အမှတ် ၁၁၁၊ ပုဇွန်တောင်မြို့နယ်၊ ရေကျော်လမ်း တွင် တည်ဆောက်လျှက်ရှိပါသည်။

ထိုစီမံကိန်းကို ၂၀၁၄ ခုနှစ်တွင် ဖေဖော်ဝါရီတွင် ဆောက်လုပ်ခွင့်ပါမစ်ရခဲ့ပြီး ယခုအချိန်တွင် ၉၅ ရာခိုင်နှုန်းခန့်ပြီးစီးနေပြီ ဖြစ်ကြောင်းသိရသည်။

ယင်းစီမံကိန်းတွင် အထပ်ပေါင်း ၈ ထပ်ပါဝင်ပြီး တစ်လွှာတွင် ၉ ခန်းပါဝင်ကြောင်းသိရသည်။

ထိုစီမံကိန်းဆောက်လုပ်မည့် မြေကို စည်ပင်မှ ပိုင်ဆိုင်ပြီး AMPS construction မှ တာဝန်ယူ ဆောက်လုပ်ကြောင်း သိရသည်။

ယင်းစီမံကိန်းတွင် တိုက် A ၊ တိုက် B ၊ တိုက် C ၊ တိုက် D နှင့် တိုက်E ဟု အခန်းအမျိုးအစား ၅ မျိုးပါဝင်ကြောင်းသိရသည်။

ထိုစီမံကိန်း၏ မြေညီထပ်အလွှာတွင် ယခင်ရေကျော် market ထားရှိမည်ဖြစ်ပြီး ပထမထပ်တွင် city mart ထားရှိမည် ဖြစ်သည်။

ဒုတိယထပ်တွင် ကားပါကင်၊ အားကစားခန်းမ၊ sauna အစရှိသည့် facilities များပါဝင်မည်ဖြစ်ပြီး ဓာတ်လှေခါးနှစ်စင်းပါဝင်မည် ဟုသိရသည်။

သုံးလွှာမှ ခုနှစ်လွှာအထိ လူနေခန်းများထားရှိမည်ဖြစ်ပြီး penthouse ခုနှစ်လုံးပါဝင်မည် ဖြစ်သည်။

အခန်းအကျယ်အဝန်းမှာ ၁၅၂၉ စတုရန်းပေ မှ ၂၃၂၄ စတုရန်းပေအထိ ကျယ်ဝန်းပြီး အခန်း pricing မှာ စတုရန်းတစ်ပေလျှင် တစ်သိန်းငါးသောင်းကျော် ကျသင့်မည်ဖြစ်ကြောင်းသိရသည်။

ငွေပေးချေမှုမှာ ညှိုနှိုင်းဆောင်ရွက်ပေးမည်ဖြစ်သည်။

This is an original writing of Myanmar Builders Guide based on information sourced from phone,pamphlet.

Residential Read 44 times