Yangon Airport Terminal 3 စီမံကိန်းကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အသစ်အတွင်း တည်ဆောက်လျှက်ရှိကြောင်းသိရသည်။
ထိုပြည်တွင်းထွက်ခွာဆောင် Terminal 3 ကိုနိုဝင်ဘာလအတွင်း ဖွင့်လှစ်နိုင်ရန်ခန့်မှန်းထားသည် ဟု သိရသည်။
ယင်းအဆောင်သစ်သည် ပြည်တွင်းခရီးထွက်ခွာဆောင်ဖြစ်ပြီး ခရီးသွားများ အဆင်ပြေလွယ်ကူစွာ အသုံးပြုနိုင်ရန် အချိန်မီပြီးစီးရေးဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အတွင်း တည်ဆောက်ခဲ့သည့် တိုးချဲ့လေဆိပ်အဆောင်သစ်များဖြစ်သည့် Terminal 1 ကိုမတ်လတွင် ဖွင့်လှစ်နိုင်ခဲ့သည်ဟု သိရသည်။
ဆောက်လုပ်လျှက်ရှိသည့် အဆောက်အအုံသစ်မှာ အလျား ၂၄၀ မီတာ၊ အကျယ်မှာ ၉၇ ဒသမ ၇ မီတာရှိ RC & Steel Building ဖြစ်ကြောင်းသိရသည်။
အဆောက်အဦးမှာ မြေအောက်ခန်းအပါအဝင်အထပ်ပေါင်း ငါးထပ်ပါဝင်တည်ဆောက်ထားသည် ဟုသိရသည်။
ထိုအဆောက်အအုံတွင် ယာဉ်ရပ်နားသည့် နေရာမှ ဝင်ထွက်သွားလာနိုင်သော အလျား ၁၀၁ မီတာ ၊အမြင့် ၂၄ ဒသမ ၄ မီတာရှိ Sky link နှင့်ဆက်သွယ်ဆောင်ရွက်ထားမည် ဖြစ်ကြောင်းသိရသည်။
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ခရီးသွားဧည့်သည် များပြားလာသည့်အတွက် လေဆိပ် အဆောက်အအုံများကို တိုးချဲ့ခြင်း၊ အဆင့်မြှင့်တင်ခြင်းများ ပြုလုပ်၍ ခရီးသည်ထွက်ခွာဆောင်များကို လည်း ဆောက်လုပ်နေပြီးဟုသိရသည်။
ယခုတည်ဆောက်ထားသည့် တိုးချဲ့ဆောင်သစ်ကို လက်ရှိတွင် ပြည်ပလေကြောင်းလိုင်းများက စတင်အသုံးပြုခဲ့ပြီး Terminal 3 ကိုလည်း ဖွင့်လှစ်သွားမည်ဖြစ်ကြောင်းသိရသည်။
Source: Myawaddy Newspaper