ရန်ကုန်မြို့အတွင်း တိုက်ခန်းပေါင်း နှစ်သိန်းခန့်ကို ဝယ်လိုအား ရှိနေသည် ဟုရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် မှ ပြောကြားထားကြောင်း သိရသည်။
ဘာကြောင့်လဲဆိုလျှင် နေထိုင်စရာမရှိလို့ ကျူးကျော်ဖြစ်နေသည့် လူက တစ်သိန်း ခွဲလောက် မိသားစုတွေ ရှိနေသည်။လူဦးရေ လေးသိန်းခန့်ရှိသည့်အတွက် လေးသိန်းဆိုတာ မြို့တစ်မြို့လောက် ရှိနေသည်။
တစ်ဖက်နေပြီးတော့ ပင်စင်ယူခဲ့ရင် တိုက်ခန်းနဲ့ နေချင်ပါတယ်ဆိုတဲ့ ခွင့်တောင်းထားတာ ငါးသောင်း လောက်ရှိတယ်။ ဒီနှစ်သိန်းခွဲအတွက် ဆောက်ပေးနိုင်မယ်ဆိုရင် အဒီ တိုက်ခန်း မှာ လူတွေ ချက်ချင်းရောက်လာမယ်။
စည်ကားတဲ့ အိမ်ရာစီမံကိန်း ဖြစ်လာ ပါမည် ဟု ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ပြောကြားလိုက်ကြောင်း သိရသည်။
ရန်ကုန်မြို့ရှိ Myanmar Convention Center မှာ ကျင်းပပြုလုပ်တဲ့ ဆောက် လုပ်ရေးကဏ္ဍမှာ တွေကြုံနေရတဲ့ အခက်အခဲတွေ ဖြေရှင်းရေးနဲ့ လုပ်ငန်းတွေ ရေရှည် တိုးတက်ရေးအတွက် နိုင်ငံတော်က ကူညီဖြေရှင်း ပံ့ပိုး ပေးဖို့ တင်ပြခြင်း အခမ်းအနားတွင် ယခုလိုပြောကြားခဲ့ခြင်းဖြစ်သည်။နိုင်ငံတော် ဖွံ့ဖြိုး တိုးတက် ရေး အတွက် အလိုအပ်ဆုံး လုပ်ငန်းဟာ ဆောက်လုပ်ရေးကဏ္ဍ ဖြစ်သလို မြေ တန်ဖိုး ထည့်သွင်း တွက်ချက်ပြီး တိုက်ခန်း စျေးနှုန်းတွေ မြှင့်ရောင်းမယ်ဆိုရင် တချို့ နေရာတွေမှာ အရောင်းအဝယ် အခက်အခဲ ရှိနိုင်သောကြောင့် ပြည်ပရင်းနှီး မြှုပ်နှံမှုတွေနဲ့ ပူးပေါင်းဆောင်ရွက် သင့်သည်ဟု ပြောကြားလိုက်ကြောင်းသိရသည်။
နိုင်ငံခြားသားများသည် မြေနှင့် ပတ်သက်လျှင် သူတို့မှာ နောက်ခံ ဘတ်က ရောင်း ဘဏ်တွေရှိသည့် အတွက် မြန်မာနိုင်ငံတွင် မြေယာတန်ဖိုး နည်းနေ မည်ဆိုလျှင် နိုင်ငံခြားသား အကြိုက် ဖြစ်သွားလိမ့်မည်ဟုဆိုသည်။
ထိုကြောင့် မြို့မြေကို လျှော့လို့မရပါဘူး။ မြို့သစ်တွေ တည်မှာ မြို့မြေကို ကြည့်ပြီးမှ စျေးနှုန်းသိပြီးမှ မြို့မြေကို တည်ဆောက်မယ်။ ဒါမှ လိုအပ်ချက်ရှိသော ပြည်သူများ အတွက် ရရှိသည့် အကျိုးအမြတ်မှ ဆောင်ရွက်ပေးနိုင်မည် ဖြစ်သည်ဟု မြန်မာနိုင်ငံ ဆောက်လုပ်ရေး လုပ်ငန်းရှင်များ အသင်း ဒုတိယ ဥက္ကဌ မှ ပြောကြားသည်။
ရန်ကုန်တိုင်း ဒေသကြီးအတွင်း ဒလမြို့သစ် စီမံကိန်း အကောင် အထည်ဖော် ဆောင်ရွက်ဖို့ ကိုရီးယားကုမ္ပဏီ နဲ့ MOU လက်မှတ်ရေး ထိုးထားပြီး အိမ်ရာစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ရာမှာ တန်ဖိုး နည်း၊ တန်ဖိုးသင့်၊ တန်ဖိုးမြင့် အစရှိတဲ့ တိုက်ခန်းတွေ ဝယ်ယူချင်သူ အများ အပြား ရှိနေတယ်လို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က သိရသည်။