ရန်ကုန်စည်ပင်နှင့် ပြည်တွင်းကုမ္ပဏီ ပူးပေါင်းကာ ခေတ်မီဘတ်စ်ကားမှတ်တိုင် ဆောက်လုပ်မည်


07 December, 2019

ရန်ကုန်မြို့တော်စည် ပင်သာယာရေးကော်မတီကပြည် တွင်း ကုမ္ပဏီနှင့် ပူးပေါင်းကာ ဘတ်စ်ကားမှတ်တိုင် (Bus Shelter) များကို အကျိုးတူ ဆောက်လုပ်မည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီ၊ အင်ဂျင်နီယာ ဌာန (လမ်း၊ တံတား) မှ တာဝန်ရှိ သူတစ်ဦးကပြောသည်။

          လက်ရှိတွင် ရန်ကုန်မြို့ တွင်း ဘတ်စ်ကားမှတ်တိုင် ၅၀၀   ကို FMI Decaux ကုမ္ပဏီကတာ ဝန်ယူဆောက်လုပ်နေပြီး ရန်ကုန် မြို့ပြင်ပိုင်းမှတ်တိုင်များ ဆောက် လုပ်မှုကို ရန်ကုန်မြို့တော်စည် ပင်သာယာရေး ကော်မတီက ပြည်တွင်းကုမ္ပဏီနှင့် ပူးပေါင်း ဆောင်ရွက်ရန် ပြင်ဆင်နေသည်။

          ‘‘အရေအတွက် ဘယ် လောက်ဖြစ်မလဲဆိုတာတော့အ လွတ်ပြောဖို့ခက်တယ်။ မြို့တွင်း   ပြင်ပနေရာတွေမှာ ဆက်ဆောက် မှာပေါ့’’ ဟု အင်ဂျင်နီယာဌာန (လမ်း/တံတား) မှတာဝန်ရှိသူက ပြောသည်။

          ဘတ်စ်ကား မှတ်တိုင် ဆောက်လုပ်ခြင်းလုပ်ငန်းကို အ ကျိုးတူ ပူးပေါင်းလုပ်ကိုင်မည့် ပြည်တွင်းကုမ္ပဏီများကို ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီက ဒီဇင်ဘာ ၂၁ ရက်  တွင်တင်ဒါခေါ်ယူထားသည်။

          တင်ဒါပုံစံကို ၂၀၁၉ ဇန်န ဝါရီ ၂ ရက်တွင်ရောင်းချ မည်ဖြစ်ပြီး ဖေဖော်ဝါရီ ၁ ရက် တွင် တင်ဒါပိတ်မည်ဟု ကြေညာ ထားသည်။

          ရန်ကုန်မြို့တွင် ဘတ်စ်ကား မှတ်တိုင် ၃,၀၀၀  ကျော်ရှိပြီး FMI Decaux ကုမ္ပဏီ  က မှတ်တိုင် ၅၀၀ အဆင့်မြှင့်တင်ခြင်း လုပ်ငန်း ဆောင်ရွက်ခွင့် ရရှိထားကာ ကျန်ဘတ်စ်ကားမှတ်တိုင်များကို ရန်ကုန်မြို့တော် စည်ပင်သာ ယာရေးကော်မီက ဆက်လက် ပြုပြင်မည်ဟု ရန်ကုန်တိုင်းဒေသ ကြီး  လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဒေါ်နီလာကျော်က မတ်လတွင် ပြောကြားခဲ့သည်။

Local Read 48 times