ရန်ကုန်ဘူတာကြီးအဆင့်မြှင့်တင်ရေးစီမံကိန်းအတွက် မြေတိုင်းတာရေးလုပ်ငန်းများကို မြန်မာ့မီးရထားတာဝန်ရှိသူများနှင့်
တင်ဒါအောင်သည့် ကုမ္ပဏီတို့မှ ဧပြီ လ၂၆ ရက်တွင် စတင်ဆောင်ရွက်နေကြောင်းသိရသည်။
မီးရထားမြေနှင့် စည်ပင်မြေတိုင်းတာသည်။နယ်ခြားမှန်ကန်မှု ရှိ မရှိ အတည်ပြုချက် ရယူခြင်းဖြစ်သည်။ယခင်ကတည်းကရှိပြီးသားပါ။နှစ်ကာလအလိုက် ရွေ့လျားသွားမည် စိုးသဖြင့် တိုင်းတာခြင်းဖြစ်ကြောင်း ရန်ကုန်ဘူတာကြီးမှ ရုံပိုင်ချုပ်ကြီး မှ ပြောကြားသည်။
ရန်ကုန်ဘူတာကြီး စီမံကိန်း ဧရိယာ နယ်မြေသည် ၂၅ဒသမ ၇ဟက်တာ(၆၃ဒသမ ၅ဧက)ရှိပြီး လိုအပ်သော မြေတိုင်းတာခြင်းလုပ်ငန်းများကို ရန်ကုန်ဘူတာကြီးအဆင့်မြှင့်တင်ရေးုလုပ်ငန်း
စီမံကိန်းတာဝန်ခံအရာရှိများ၊ကြီးကြပ်ရေးမှူးများ၊စည်ပင်သာယာရေးကော်မတီ တာဝန်ရှိသူများ၊တင်ဒါရရှိသည့် ကုမ္ပဏီမှ တာဝန်ခံ အင်ဂျင်နီယာများမှ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိအချိန်တွင် ကန်ထရိုက်နှင့် ညှိနှိုင်းနေပြီး နောက်နှစ်လအကြာတွင် စာချုပ်ချုပ်ဆိုနိုင်မည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ အရာရှိတစ်ဦးမှ ပြောကြားသည်။
ရန်ကုန်ဘူတာကြီး ဘက်စုံအဆင့်မြှင့်တင်ရေးစီမံကိန်းသည် မင်္ဂလာတောင်ညွှန့်မြို့နယ်အတွင်းတည်ရှိပြီး ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ဗိုလ်ချုပ်အောင်ဆန်းဈေး၊ဆူးလေဘုရားလမ်း၊ဗိုလ်မင်းရောင်လမ်း၊အောင်ဆန်းကွင်း
စသည့် အချက်အခြာကျသော နေရာများအနီးတွင် တည်ရှိသည်။
ရန်ကုန်ဘူတာရုံသစ်ကြီးတည်ဆောက်ရေးစီမံကိန်းသည် ကန်ဒေါ်လာ ၂ ဒသမ ၅ဘီလီယံကုန်ကျမည့် စီမံကိန်းတစ်ခုဖြစ်ပြီး စီမံကိန်း ဧရိယာ ၂၅ ဒသမ၇ ဟက်တာ အကျယ်အဝန်းအနက်မှ
မြေပြင်ဧရိယာ ၁ ဒသမ ဝ၉ စတုရန်းမီတာ အကျယ်အဝန်းပေါ်တွင် ဆောက်လုပ်ရေးလုပ်ငန်းများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်းသိရသည်။