ရန်ကုန်မြို့ရှိ ရေဆိုးထွက်မြောင်းများအတွင်း ရေလျှံမှုမဖြစ်စေရန် အကွက်ချလုပ်ဆောင်မှုများရှိနေကြောင်း ရန်ကုန်မြို့တော်ဝန်က ဩဂုတ် ၁၁ ရက်က ရန်ကုန်မြို့တော်ခန်းမတွင်ပြုလုပ်သည့် မြို့နယ်စည်ပင်ကော်မတီဝင်များနှင့်တွေ့ဆုံပွဲ၌ ပြောထားသည်။
ရန်ကုန်မြို့တော်ဝန်က စည်ပင်ဝန်ထမ်းများ ရေစီးရေလာကောင်းဖို့ ရေဆိုးထွက်မြောင်းများကို သက်စွန့်ဆံဖျား ရှင်းရကြောင်း၊ထိုသို့ရှင်းလင်းရာတွင် ရေမလျှံ လျှံအောင် တာယာကွင်းများအတွင်း ကျောက်ခဲထည့်ချပြီး မြောင်းပိတ်အောင်လုပ်ထားခြင်းများတွေ့ရကြောင်း၊ဒါကိုခွင့်မလွှတ်နိုင်ပါကြောင်း၊ မှတ်တမ်းမှတ်ရာနှင့်ရှာနေပါကြောင်းပြောထားသည်။
မြို့တော်ဝန်က ရန်ကုန်မြို့၏ ရေစီးရေလာကောင်းမွန်ရေးကို ဆောင်ရွက်နေမှုကို နှောင့်ယှက်နေသူများ ကိုရှာဖွေနေသော်လည်း ရှာဖွေမရသေးကြောင်း၊သက်ဆိုင်ရာစည်ပင်ဥက္ကဋ္ဌများအနေနှင့် သတိထားဆောင်ရွက်ကြရန် အသိပေးချင်ကြောင်းပြောထားသည်။
ယခုအခါ မြို့နယ်များအတွင်းရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေခြင်းကြောင့် အများပြည်သူအခက်အခဲ မရှိစေရေး ယခု တက်ရောက်လာသည့် အဖွဲ့အစည်းများ၊ တာဝန်ရှိသူများက အားသွန်ခွန်စိုက်ရှင်းလင်းဆောင်ရွက်ကြရန်နှင့် မြို့နယ်အတွင်းလုပ်ငန်းများလုပ်ဆောင်ရာတွင် အများပြည်သူအကြည်ညိုမပျက်စေရန် ဥပဒေလုပ်ထုံး လုပ်နည်းနှင့်အညီစေတနာထားဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။