ကန်ဒေါ်လာ ၁၁၆ သန်းဖြင့် အကောင်အထည်ဖော်မည့် ရေမြောင်းစနစ်နှင့် အဆောက်အဦများ


19 November, 2020

ရန်ကုန်မြို့ရှိ ရေမြောင်းစနစ်တွေနဲ့ အများပြည်သူနှင့် သက်ဆိုင်သော အဆောက်အဦများအား အဆင့်မြှင့်တင်နိုင်ရန်  ကမ္ဘာ့ဘဏ်ချေးငွေ အမေရိကန်ဒေါ်လာ ၁၁၆ သန်းနဲ့ အကောင်အထည်ဖော် လုပ်ဆောင်သွားရန် ရှိနေကြောင်း သိရသည်။

ဖေဖောဝါရီ ၂ဝ ရက် ဒီနေ့ ရန်ကုန်မြို့ ရှန်ဂရီလာဟိုတယ်မှာ ပြုလုပ်ခဲ့သော “ မြန်မာနိုင်ငံနှင့် အရှေ့တောင်အာရှ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုစီမံကိန်း” မိတ်ဆက်ပွဲ အခမ်းအနားမှာ ထုတ်ဖော်ကြေညာခဲ့သည်။

အလုပ်ရုံဆွေးနွေးပွဲတွင် ရန်ကုန်တိုင်းဝန်ကြီးချုပ် မှ ရန်ကုန်မြို့သည် သဘာဝဘေးအန္တရာယ်ခံစားရနိုင်သော မြို့ဖြစ်နေသည်ဟု ပြောသွားခဲ့သည်။

ရေကြီးရေလျှံဖြစ်နေမှုကိစ္စရပ်များနှင့်  ပတ်သက်ပြီးရေမြောင်းများ ပိုမိုကောင်းမွန်လာနိုင်ရန် စနစ်တကျလေ့လာဆန်းစစ်မှုများ ပြုသွားနိုင်မည်ဖြစ်သည်။

အခြေခံအဆောက်အအုံများ ကြံ့ခိုင်မှုနဲ့ ပတ်သက်ပြီး အများပြည်သူ ဝင်ထွက်သွားလာနေတဲ့ စျေးတွေ၊ ဆေးရုံတွေစတဲ့ အဆောက်အဦတွေကို ကြံ့ခိုင်မှုဖြစ်အောင်အခု အလုပ်ရုံဆွေးနွေးပွဲကတစ်ဆင့် အခွင့်အလမ်း ကောင်းများ ရလာနိုင်သည်။

ရန်ကုန်မြို့သည် သဘာဝဘေးအန္တရာယ်ဒဏ်ကို ထိရောက်နိုင်ခြေ၊ ခံစားရနိုင်တဲ့ မြို့တစ်မြို့ဖြစ်ပြီးငလျင်ဒဏ်နဲ့ ရေကြီးရေ လျှံမှုပြဿနာများကိုလည်း ခံစားရနိုင်တဲ့ အခြေအနေရှိနေကြောင်း သိရသည်။

ကမ္ဘာ့ဘဏ်ချေးငွေနှင့် အကောင်အထည်ဖော်လုပ်ဆောင်မည့် စီမံကိန်းကို  လွန်ခဲ့တဲ့နှစ်က ကမ္ဘာ့ဘဏ်ဒါရိုက်တာဘုတ်အဖွဲ့က အတည်ပြုခဲ့ပြီး ရန်ကုန်မြို့ရေမြောင်းစနစ်နဲ့ အရေးပါတဲ့ အခြေခံအဆောက်အဦများ အဆင့်မြှင့်တင်ဖို့ စာချုပ်တွေ ချုပ်ဆိုနိုင်ခဲ့တာဖြစ်သည်။

ဒါ့အပြင် စီမံကိန်းအကောင်အထည်ရေးအဖွဲ့တွေကို ဖွဲ့စည်းခြင်း၊ ဘတ်ဂျက်နဲ့ လုပ်ငန်း အစီအစဉ်တွေရေးဆွဲခြင်း၊ ပစ္စည်းဝယ်ယူရေး၊ ဘဏ္ဍာရေး၊ စီမံကိန်းစီမံခန့်ခွဲရေးစတဲ့ သင်တန်းများ ဖွင့်လှစ်ခြင်းတို့ကို ဆောင်ရွက်နေတယ်လို့လည်း တိုင်းအစိုးရသတင်းစာ မျက်နှာမှာ ဖော်ပြထားသည်။

လူဦးရေ ၅ သိန်းလောက်ကို အကျိုးပြုမယ့် ဒီစီမံကိန်းမှာ  ဂျပန်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီးဌာန နဲ့ နိုင်ငံတကာ အလှူရှင်တွေပါဝင်တဲ့ အရှေ့တောင်အာရှ သဘာဝဘေးအန္တရာယ်အာမခံ ရန်ပုံငွေ (SEADRIF)အတွက် ထောက်ပံ့ငွေ အမေရိကန်ဒေါ်လာ တစ်သန်း ပူးတွဲ ထည့်ဝင်ထားကြောင်းလည်း သိရပါတယ်။

မြန်မာနိုင်ငံသည် သဘာဝဘေးအန္တရာယ်များနှင့် ရင်ဆိုင်ရနိုင်ခြေ မြင့်မားတဲ့နိုင်ငံဖြစ်ပြီး သဘာဝဘေးကြောင့်  နှစ်စဉ် အမေရိကန်ဒေါ်လာ ၁၈၄ သန်းခန့်ဆုံးရှုံးနေပါတယ်။

Source:Social Media

Local Read 43 times