Yangon Excelsior Hotel


26 October, 2020

Yangon Excelsior Hotel စီမံကိန်းမှာ ရန်ကုန်မြို့ပြကိုလိုနီခေတ်ဟောင်းအမွေအနှစ် တစ်ခုဖြစ်သည့်  ကုန်သွယ်ရေးကော်ပိုရေးရှင်း အမှတ်(၅) ရုံးဟောင်းကို ဗီယက်နမ်မှ ဟိုတယ်အဖြစ် ပြန်လည်ပြုပြင်ဖွင့်လှစ်မည့် စီမံကိန်းတစ်ခုဖြစ်ပါသည်။

ထိုအဆောက်အဦးမှာ ၁၉/၄၃ ဗိုလ်ဆွန်ပက်လမ်း၊ ပန်းဘဲတန်းမြို့နယ် မြေဧက ဝ.၂၈ တွင် တည်ရှိသည့် အဆောက်အဦးဖြစ်ပါသည်။ ထိုအဆောက်အဦးကို အစိုးရသစ်လက်ထပ်တွင် ပုဂ္ဂလိကနှင့်အတူ လုပ်ဆောင်ရန် ရည်ရွယ်ကာ မြန်မာရင်းနှီးမြှုပ်နှံမှုကော်မရှင်လက်ထဲသို့ အပိုင်လွှဲအပ်ခဲ့ပါသည်။

သမိုင်းအနေဖြင့် ၁၉၃၀ခုနှစ်မှ စတင်၍ တည်ရှိခဲ့ပြီး ယခင်က ဗြိတိသျှ Steel Brothers ကုမ္ပဏီမှ ရုံးချုပ်အဖြစ် အသုံးပြုခဲ့သော အဆောက်အဦးဖြစ်ပါသည်။

၂၀၁၃ ခုနှစ်တွင် ထိုအဆောက်အဦးအား စီးပွားရေးအဆောက်အဦးအဖြစ် ပြန်လည်ပြုပြင်ပြောင်းလဲရန် မြန်မာရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ တင်ဒါခေါ်ယူခဲ့ပါသည်။

ထို့သို့ တင်ဒါခေါ်ယူရာတွင် ပြည်တွင်း ပြည်ပ ကုမ္ပဏီမှ ယှဉ်ပြိုင်ရာအနက် Apple Tree, Pacific Prince International, S.V Resort. တို့ကို နောက်ဆုံးအဆင့် လျာထားရွေးချယ်ခဲ့ပြီး  ၂၀၁၄ ခုနှစ် ဒီဇင်ဘာတွင် Apple Tree အား တင်ဒါအောင်သူအဖြစ် ကြေငြာခဲ့ပါသည်။

ဤစီမံကိန်းအား ဖြစ်မြောက်ရန်အတွက် ငွေကြေးအကူအညီအား စင်္ကာပူအခြေစိုက် UOB ဘဏ်မှ မြန်မာ-ပြင်သစ် ကုမ္ပဏီတစ်ခုသို့ ငွေထုတ်ချေးထားပါသည်။

ဗီယက်နမ်မှ Apple Tree ကုမ္ပဏီမှာ မြန်မာနိုင်ငံတွင် ကုမ္ပဏီတစ်ခုဖွင့်ထားပြီး မြန်မာကုမ္ပဏီအနေဖြင့် သတ်မှတ်ခံရပြီး ပြင်သစ်ကုမ္ပဏီ ကို လောလောဆယ်မသိရှိသေးပါ။

စီမံကိန်းကို Yangon Excelsior ကုမ္ပဏီ လုပ်ဆောင်မည်ဖြစ်ပြီး မြန်မာရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှု စီမံကိန်းတစ်ခုအဖြစ် ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလတွင် တရားဝင်ရင်းနှီးမြှုပ်နှံခွင့် ပေးအပ်ခဲ့ပါသည်။

ထိုအဆောက်အဦးမှာ ငါးထပ်အဆောက်အဦးတစ်ခုဖြစ်ပြီး ကြမ်းခင်းဧရိယာ စတုရန်းပေ ၆၀,၀၀၀ ခန့်  ကျယ်ဝန်းသည်ဟု သိရှိရသည်။ တင်ဒါအောင်သူ Apple Tree မှ ဦးဆောင်၍ အဆောက်အဦးကို ပြန်လည်ပြုပြင်ကာ ဟိုတယ်ခန်း ၇၄ ခန်းရှိ Yangon Excelsior Hotel အဖြစ် ၂၀၁၇ ခုနှစ်တွင် ပြန်လည်ဖွင့်လှစ်သွားမည်ဟု သိရှိထားပါသည်။

ထိုဟိုတယ်ကို ပြန်လည် ပြုပြင်ပြီး အသစ်ဖြစ်လာမည့် ပုံစံကို  ဗီယက်နမ်မှ ဗိသုကာနှင့်် အင်ဂျင်နီယာကုမ္ပဏီတစ်ခုဖြစ်သည့် Archetype Group မှ တာဝန်ယူ ဒီဇိုင်းဆွဲ ပေးထားပါသည်။

မြန်မာကုမ္ပဏီတစ်ခုဖြစ်သည့် Pinnacle Development & Engineering မှလည်း အတွင်းပိုင်းအပြင်အဆင်များ ပြုလုပ်ရာနှင့် M&E ကိစ္စများကိုလည်း တစ်စိတ်တစ်ပိုင်း ပါဝင်သည်ဟု သိရှိရပါသည်။

ထိုဟိုတယ်အား နဂိုက Rangoon Excelsior Hotel ဟု ပေးထားသော်လည်း ရန်ကုန်တိုင်းအစိုးရပိုင်းဆိုင်ရာ ဥပဒေအကြောင်းအမျိုးမျိုးကြောင့် Yangon Excelsior Hotel ဟု ပြန်လည်မှည့်တွင်ခဲ့ပါသည်။

ထိုသို့ပြုလုပ်ခြင်းမှာ အရင် အစိုးရလက်ထပ်မှ Rangoon ဆိုသည့် အသုံးအနှုန်းကို စီးပွားဖြစ် အသုံးပြုခြင်းမှ ပိတ်ပင်လိုက်ခြင်းနှင့် သက်ဆိုင်သည်ဟု ကျွမ်းကျင်သူတစ်ယောက်က ထင်မြင်ချက်ပေးထားသည်။

Hospitality Read 123 times