Yangon Innovation Center


06 December, 2020

လူငယ်များစွန့်ဦးတီထွင်လုပ်ငန်းဖွံ့ဖြိုးစေရန်ရည်ရွယ်၍ တိုင်းဒေသကြီးအစိုးရနှင့် ဆွစ်စလန်နိုင်ငံအခြေစိုက်Seedstars ပူးပေါင်း၍ ဆိပ်ကမ်းမြို့နယ်တွင် Yangon Innovation Center (YIC)အား တည်ဆောက်မည်ဖြစ်ကြောင်းသိရသည်။

           ယင်း Center ကို ဆိပ်ကမ်းမြို့နယ်ကျန်းမာရေးဆိပ်ကမ်းဝင်းအတွင်းမှာ အဆောက်အအုံအပေါ်ထပ်စတုရန်းပေ ၁ဝဝဝဝခန့်ရှိပြီး BOT စနစ်နှင့် ၅+၂ နှစ်ဆောင်ရွက်ခွင့်ပြုမည်ဖြစ်သည်။

           Yangon Innovation Center အားချမှတ်ပေးထားသည့် mandate နှင့်ကိုက်ညီသော လုပ်ငန်းစဉ်များကိုအကောင်အထည်ဖော်ဆောင် ရမည်ဖြစ်သည်ဟု သိရသည်။

           နိုင်ငံတကာတွင် Innovation Center တည်ဆောက်လည်ပတ်မှုနှင့် စပ်လျဉ်း၍ Yangon Innovation Center လုပ်ငန်းများ ဆောင်ရွက်ရန် အတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် Seedstars Co.,Ltd တို့အကြား သဘောတူညီမှု(မူကြမ်း)အားရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ်ရုံးသို့ ဥပဒေအကြံပြုချက်ရယူပြီး အကြံပြုချက်များနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

           Seedstars သည် ဆွစ်ဇာလန်နိုင်ငံ အခြေစိုက်အဖွဲ့အစည်းဖြစ်ပြီးအာရှ၊အာဖရိက နှင့် တောင်အာဖရိကရှိနိုင်ငံပေါင်း ၈၅ နိုင်ငံတွင်စွန့်ဦးတီထွင်ခြင်းနှင့်သက်ဆိုင်ရာဝန်ဆောင်မှုများ၊ရင်းနှီးမြှုပ်နှံမှုများ၊အခြားဂေဟစနစ် ပံ့ပိုးမှုများကိုလုပ်ဆောင်လျက်ရှိကြောင်း၊Yangon Innovation Center တွင်ပြုလုပ်မည့်လုပ်ငန်းစဉ်ကိုအခြား ၁ဝ နိုင်ငံတွင်ပြုလုပ်ဖူးသည့် အတွေ့အကြုံရှိကြောင်းသိရသည်။

Source:Weekly Eleven

Local Read 42 times