ရန်ကုန်တိုင်းအစိုးရက ၎င်းပိုင်မြေကွက် ငါးရာကို ပထမဆုံးအသုတ်အဖြစ် အောက်တိုဘာ ၇ ရက်တွင် စတင်ရောင်းချခဲ့ သည်။
ထိုမြေကွက်ငါးရာတွင် ဒဂုံ မြို့သစ် လေးမြို့နယ်၊ရွှေပြည်သာ၊ လှိုင်သာယာနှင့်မှော်ဘီရှိ မြေကွက်၃၈ ကွက်ကို စတင်ရောင်းချရန်ကြေညာခဲ့သည်။
ထိုသို့ရောင်းချရာတွင်ပထမအဆင့်တွင် လှိုင်သာယာ၊ရွှေပြည်သာနှင့်ဒဂုံလေးမြို့နယ်တို့ စက်မှုမြေကွက် ၅၀၀၊ ဒုတိယအဆင့်အနေဖြင့် မြောင်းတကာစက်မှုဇုန်ရှိ စက်မှုမြေကွက် တစ်ရာ့ရှစ်ဆယ်ကျော်၊ တတိယအဆင့်တွင် ဒဂုံအရှေ့နဲ့ ဒဂုံဆိပ်ကမ်းမြို့နယ်တို့မှ စိုက်ပျိုးရေးဇုန်အဖြစ် သတ်မှတ်ထားသည် ဧကကိုးထောင်ကျော်တို့ပါဝင်မည်ဟု ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီတွဲဖက်အတွင်းရေးမှူး ဦးသန်းကပြောသည်၊
ထိုမြေများကို လျှောက်ထား သူများသည်ခြောက်လအတွင်း လုပ်ငန်းဖော်ဆောင်ရမည်ဖြစ်ပြီး သုံးနှစ်အတွင်း ပြန်လည်ရောင်းချ ခွင့်မပြုဟူသော အချက်ပါဝင် သည့် အချက် ၁၃ ချက်လိုက်နာ ရမည်ဟု ရန်ကုန်တိုင်းအစိုးရအဖွဲ့ က စီမံခန့်ခွဲပိုင်ခွင့်ရှိသော မြေများ စီမံခန့်ခွဲမှု ကော်မတီကထုတ်ပြန် ထားသည်။
တိုင်းအစိုးရက ၎င်းတို့စီမံ ခန့်ခွဲခွင့်ရှိသည့် မြေများကို စီးပွား ရေး၊ စက်မှုလုပ်ငန်းလုပ်ကိုင်ရန်ဖြစ်စေ၊ လူနေထိုင်ရန်ဖြစ်စေ လျှောက်ထားနိုင်သည်ဟု ကြေ ညာထားသည်။ လျှောက်ထားရာ တွင်မည်သူမဆို မှတ်ပုံတင်မူရင်း၊ မိတ္တူတင်ပြ၍ လျှောက်လွှာပုံစံ များကို ရန်ကုန်အရှေ့ပိုင်းခရိုင်အ ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနစု ပေါင်းရုံးတွင် အောက်တိုဘာ ၇ ရက်မှ နိုဝင်ဘာ ၇ ရက်အထိဝယ် ယူနိုင်သည်ဟု ကြေညာထား သည်။
လိုက်နာရမည့် အချက် ၁၃ ချက်တွင် ထိုမြေကွက်များ၌ ဆောင်ရွက်လိုသည့် လုပ်ငန်းများ ဖော်ပြရမည်။ အသုံးပြုလျှောက် ထားရန် ငွေကြေးအထောက်အထားတင်ပြရမည်။ မြေကွက်တွင် ဆောက်လုပ်မည့်အစီအစဉ်နှင့် ငွေကြေးလည်းတင်ပြရမည်။ သုံးနှစ်အတွင်း အမည်ပြောင်းလဲခွင့် မရှိဟူသော အချက်များပါဝင်သည်။
ထို့ပြင် စည်းကမ်းချက်များ မလိုက်နာပါက မြေနှင့်အဆောက် အအုံများကို တိုင်းအစိုးရက ပြန် လည်သိမ်းယူနိုင်ပြီး ပေးသွင်း ငွေပြန်လည်ထုတ်ပေးမည် မ ဟုတ်ဟုဆိုထားသည်။
အဆိုပါမြေများသည် လုပ် ငန်းများလုပ်ကိုင်ရန်နှင့် အလုပ် အကိုင်အခွင့်အလမ်းအတွက်အ စိုးရက ချပေးခြင်းဖြစ်ပြီး လုပ်ငန်း ရှင်များအမှန်တကယ်လုပ်ကိုင် ခြင်းရှိ၊ မရှိစစ်ဆေးမည်ဟု စိုင်း ခွန်နောင်ကုမ္ပဏီ မန်နေဂျင်းဒါ ရိုက်တာ ဦးစိုင်းခွန်နောင်ကပြော သည်။
ထို့ကြောင့် အဆိုပါမြေများ သည် ပြင်ပဝယ်ရောင်းများလက် ထဲရောက်ရှိရန် ခက်ခဲပြီးမြေဈေး ကွက်အပြောင်းအလဲအပေါ်သက် ရောက်မည်မဟုတ်ဟု ဦးစိုင်းခွန် နောင်ကပြောသည်။