ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးကို နိုင်ငံတကာအဆင့်မီအမြန်လမ်းမကြီးအဖြစ်တိုးချဲ့ဖောက်လုပ်


12 December, 2019

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးကို Master Plan အရ နိုင်ငံတကာအဆင့်မီအမြန်လမ်းမကြီးအဖြစ်တိုးချဲ့ဖောက်လုပ်သွားရန် ရည်ရွယ်ပြီး စီမံချက်ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ပြောကြားသည်။
 
မေ ၁၅ ရက်က ပြုလုပ်သည့် အမျိုးသားလွှတ်တော်အစည်းအဝေးတွင် ရှမ်းပြည်နယ်မဲဆန္ဒနယ်အမှတ်(၁၁)မှ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်နီနိုင်င ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး လမ်းလယ်ကျွန်းများ ပြုပြင်မွမ်းမံခြင်းနှင့် စပ်လျဉ်း၍ သိရှိလိုကြောင်း မေးမြန်းမှုအပေါ် တွင် ဒုတိယဝန်ကြီးက ပြန်လည်ဖြကြားရာတွင် အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

ရန်ကုန်-နေပြည်တော်လမ်းပိုင်းကို စတင်ဖွင့်လှစ်ခဲ့ပြီး အမြန်လမ်းမကြီး စတင်ဆောင်ရွက်ခဲ့စဉ်က Two Lane Two Way Divided Highway(တစ်ဖက်နှစ်လမ်းသွား) လမ်းမကြီးအဖြစ်ဖောက်လုပ်ခဲ့ပြီး လင်းလယ်ကျွန်းများကို ထည့်သွင်းတည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယခုအ ခါ အမြန်လမ်းမကြီးကို Master Plan အရ နိုင်ငံတကာအဆင့်မီ အမြန်လမ်းမကြီးအဖြစ် တိုးချဲ့ဖောက်လုပ်သွားရန် ရည်ရွယ်ပြီး စီမံချက်ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။
 
ထို့ပြင် ဒုတိယဝန်ကြီးက အမြန်လမ်းမကြီးပေါ်တွင် မော်တော်ယာဉ်များ အရှိန်ပြင်းစွာ မောင်းနှင်မှုကြောင့် လမ်းလယ်ကျွန်းဘက်သို့ ယိမ်းယိုင်၍ နံဘေးတစ်ဖက်တစ်ချက်ရှိ Crub တုံးများအား ပွတ်တိုက်မိပြီး တာယာပွင့်တိမ်းမှောက်ခြင်းမှ သက်သာနိုင်စေရန်၊ လမ်းလယ် ကျွန်းပေါ်သို့ ယာဉ်များ အရှိန်လွန်ဝင်ရောက်ခဲ့ပါက မူလယာဉ်သွားလမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိနိုင်စေရန်၊ မော်တော်ယာဉ်များအရှိန်လွန်၍ Raised Medium ၏ Crub တုံးများနှင့် တိုက်မိခြင်းမှ သက်သာနိုင်စေရန်နှင့် အသက်ဆုံးရှုံးသည်အထိ မဖြစ်စေဘဲ ထိခိုက်မှု အားလျှော့ချနိုင်ရန်အတွက် ထိခိုက်မှုအား လျှော့ချနိုင်ရန်အတွက် လိုအပ်ချက်အရ Depressed Median Flexible Barrier များနှင့် Guardrial များအား တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း လွှတ်တော်တွင် ရှင်းလင်းခဲ့သည်။

အမြန်လမ်းမကြီးတွင် ဖြစ်ပွားနေသည့် ယာဉ်မတော်တဆမှုများကို ဆန်းစစ်ကြည့်ပါက အရှိန်များ၍ ဖြစ်ခြင်း၊ ဘီးပေါက်၍ဖြစ်ခြင်း၊ ယာဉ်မောင်းအိပ်ငိုက်၍ဖြစ်ခြင်း စသည်တို့ကြောင့် ယာဉ်မတော်တဆမှုဖြစ်ပွားပါက လမ်းလယ်ကျွန်းအမြင့် Raised Medium မော်တော်ယာဉ်မှာ လိမ့်၍ ထိခိုက်ပျက်စီးမှုဖြစ်ခြင်း၊ ကားတစ်စီးနှင့်တစ်စီး ကျော်တက်ရာတွင် လမ်းလယ်ကျွန်းရှိ Road Crub ကို တိုက်မိပြီး ယာဉ်မတော်တဆမှုများ ဖြစ်ပေါ်နေသည်ကို စိစစ်တွေ့ရှိရကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးအား တစ်ဖက်လျှင် လေးလမ်းသွားနှင့် လမ်းသွယ်များမှ ယာဉ်များအမြန်လမ်းမကြီးပေါ်သို့ဖြတ်သန်းသွားလာမှုအား အပြည့်အ၀ ကန့်သတ်ထိန်းချုပ်သည့်စနစ်အဖြစ် အသုံးပြုရန် ရည်ရွယ်ဖောက်လုပ်ထားခြင်းဖြစ်ကြောင်း ဒုတိယဝန်ကြီးက ဆိုသည်။

Infrastructure and Zones Read 56 times