ရန်ကုန်-မန္တလေးလမ်းဟောင်းကို ၂၀၁၈ ခုနှစ်၊ မတ်လမတိုင်မီ BOT စနစ်ဖြင့် လေးလမ်းသွားဖြစ်အောင် အဆင့်မြှင့်တင်မည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ညွှန်/ချုပ်မှ ပြောကြားကြောင်း သိရသည်။
အဆင့်မြှင့်ရန်အတွက် ပြည်တွင်းမှ ကုမ္ပဏီ ၇ ခု နှင့် စာချုပ်ချုပ်ထားပြီး မကြာမီ လုပ်ငန်းစတင်မည်ဟု သိရသည်။
ရန်ကုန်-မန္တလေးလမ်းဟောင်းကို လေးလမ်းသွားမှ ခြောက်လမ်းသွားအောင်ဖြစ်အောင်လည်း ကုမ္ပဏီဘက်မှ အဆင်မြှင့်တင်ဖို့ ဆန္ဒရှိကြောင်းလည်း သိရပါသည်။
ကုမ္ပဏီများနှင့် ဆောက်လုပ်မည့်နေရာများမှာမက်စ်ကုမ္ပဏီက ရန်ကုန်မြို့မှ ပဲခူးမြို့အထိ လမ်းဖောက်လုပ်ခြင်း၊ ရွှေသံလွင် ကုမ္ပဏီက ပဲခူးမြို့မှ ညောင်လေးပင်မြို့အထိ လမ်းဖောက်လုပ်ခြင်း၊ High Star ကုမ္ပဏီက ညောင်လေးပင်မြို့မှ ကျောက်တံခါးမြို့အထိ လမ်းဖောက်လုပ်ခြင်း၊ Asia World ကုမ္ပဏီက ဖြူးမြို့မှ နေပြည်တော်အထိ လမ်းဖောက်လုပ်ခြင်း၊ ယုဇနကုမ္ပဏီက နေပြည်တော်မှ မိတ္ထီလာမြို့အထိ လမ်းဖောက်လုပ်ခြင်း နှင့် သော်တာဝင်း ကုမ္ပဏီက မိတ္ထီလာမြို့မှ မန္တလေးမြို့အထိ လမ်းဖောက်လုပ်မည်ဖြစ်ကြောင်း သိရပါသည်။
This is an original writing of Myanmar Builders Guide based on information sourced from 7day Daily and Myanmar Times