မက်စ်မြန်မာဆောက်လုပ်ရေးကုမ္ပဏီက ဂျပန်ကုမ္ပဏီ နှင့် အကျိုးတူ ပူးပေါင်းကာ ရန်ကုန်-မန္တလေး ရထားလမ်းအဆင့်မြှင့်တင်ခြင်းတွင် ပါဝင်လုပ်ကိုင်မည်ဟု သတင်းထုတ်ပြန်သည်။
သုံးနှစ်ကြာမြင့်မည့် ရန်ကုန် -မန္တလေး ရထားလမ်း၏ ပဲခူးနှင့် ညောင်လေးပင်ကြားရှိ ရထား လမ်းပိုင်း အဆင့်မြှင့်တင်ရေးလုပ် ငန်းဖြစ်သည်ဟု မက်စ်မြန်မာ ဆောက်လုပ်ရေးကုမ္ပဏီက ဆို ထားသည်။
ဂျပန်ကုမ္ပဏီသည် TEKKEN-RINKAI NISSAN ဖြစ်ပြီး ကုမ္ပဏီနှစ်ခုကြား လုပ်ငန်းဆောင်ရွက်မှု သဘောတူလက်မှတ်ရေး ထိုးခြင်းကို အောက်တိုဘာ ၁၅ ရက်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ထိုသို့ သဘောတူခြင်းသည် ရန်ကုန်-မန္တလေး ရထားလမ်း ကြောင်း တိုးတက်ရေးစီမံကိန်း အပိုင်း (၁)ဖြစ်သည်။
TEKKEN-RINKAI NISSAN သည် ဂျပန်အခြေစိုက် ဆောက်လုပ်ရေးကုမ္ပဏီတစ်ခု ဖြစ်ပြီး ၂ဝ၁၅ ၌ မြန်မာနိုင်ငံတွင် ရုံးခွဲဖွင့်လှစ်ခဲ့သည်။
ရန်ကုန်-မန္တလေး ရထားလမ်း ပြုပြင်မွမ်းမံခြင်း အဆင့် (၁)တွင် ပဲခူး-ညောင်လေးပင်အပိုင်းနှင့် ညောင်လေးပင်-တောင်ငူလမ်းပိုင်းတို့အတွက် နိုဝင်ဘာ ၁၅ ရက်တွင် လုပ်ငန်းစတင်ခဲ့ သည်ဟု ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီက သတင်းထုတ်ပြန်ထား သည်။
၆၂ဝ ကီလိုမီတာရှည်လျား သည့် ရန်ကုန်-မန္တလေး ရထား လမ်း အဆင့်မြှင့်တင်ခြင်းကို ဂျပန်နိုင်ငံ၏ ဖွံ့ဖြိုးမှုအကူအညီ ချေးငွေ အစီအစဉ်ဖြင့် ဆောင်ရွက်ခြင်းဖြစ်သည်။
စီမံကိန်းရည်ရွယ်ချက်သည် ဘေးကင်းလုံခြုံပြီး ပိုမိုမြန်ဆန် သော ရထားဝန်ဆောင်မှု ရရှိရန် နှင့် ခရီးသည်နှင့် သယ်ယူပို့ဆောင်ရေး ကောင်းမွန်တိုးတက်လာစေ ရန်ဖြစ်သည်။
ရန်ကုန်-မန္တလေး ရထားလမ်း အဆင့်မြှင့်တင်ခြင်းတွင် ရန်ကုန်-တောင်ငူ ရထားလမ်း ပိုင်းကို စီမံကိန်း အဆင့် (၁)နှင့် တောင်ငူ-မန္တလေးကို စီမံကိန်း အဆင့် (၂) အဖြစ် သတ်မှတ်ထား ပြီး စီမံကိန်းတစ်ခုလုံး ၂ဝ၂၃ ၌ ပြီးစီးမည်ဟု ခန့်မှန်းထားသည်။