ရန်ကုန်-မန္တလေးရထားလမ်းအဆင့်မြှင့်တင် ရေးစီမံကိန်း


06 December, 2020

 ရန်ကုန်-မန္တလေး ရထားလမ်းအဆင့် မြှင့်တင် ရေးစီမံကိန်းတွင် ပါဝင်သည့်ပဲခူး-ညောင်လးပင် လမ်းပိုင်းအား ဒေါ်လာသန်း ၂ဝဝ ဖြင့် ဆောင် ရွက်ရန် မြန်မာ့ မီးရထားနှင့် Tekken RJ JV ကုမ္ပဏီတို့ သဘောတူ လက်မှတ်ရေးထိုးခဲ့ကြာင်း သိရသည်။

            ဒေါ်လာသန်း ၂ဝဝ ခန့် ကုန်ကျ မည့် ပဲခူး-ညောင်လေးပင်လမ်းပိုင်း အဆင့် မြှင့် တင့် ခြင်းလုပ်ငန်းသည် ၁၆၆ မိုင်ရှိပြီး တံတားပြုပြင်ခြင်းလုပ်ငန်းများနှင် အချက်ပြ အဆြင့်မှင့် တင့်ခြင်း လုပ်ငန်းများ ပါဝင်ကြောင်း သိရသည်။ပထမဆုံး စတင်ဆောင်ရွက်မည့် ပဲခူး-ညောင်လေးပင်လမ်းပိုင်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို လာမည့် အောက်တိုဘာတွင် စတင်မည်ဖြစ်ကြောင်းသိရသည်။

            အကြမ်းဖျင်းပြောရလျှင် ဒေါ်လာ သန်း ၂ဝဝ နီးပါးအကုန်အကျခံရပါသည်။သန်း ၂ဝဝ နှင့် သံလမ်းများ ဝယ်တာပါမည်။ရထားလမ်းများ အစတုန်းက ဆိုလျှင် တန်ချိန်များများမခံနိုင်ဘူး။၁၂.၅ တန်မှ ၂ဝ တန်အထိ မြှင့်တင်ပြီး သယ်မည်ဖြစ်သည်။ကွန်တိန်နာတွဲများအထိ လုပ်နိုင်ရန် ဖြစ်သည်။လေးနှစ်ကြာဆောင်ရွက်မည့် ရန်ကုန်-မန္တလေးရထားလမ်းအဆင့်မြှင့်တင်ခြင်းစီမံကိန်းကို ၏ချေးငွေဖြင့် ဆောင်ရွက်မည်ဖြစ်ပြီး ဂျပန်နိုင်ငံမှ အင်ဂျင်နီယာများက အဓိကတာဝန်ယူဆောင်ရွက်မည်ဖြစ်သည်။

               JICA မှ Kotaro Nishigata မှ ဂျပန်နည်းပညာများနှင့် ဂျပန်ကန်ထရိုက်တာများ ဆောင်ရွက်မည်ဖြစ်သည်။ထိုစီမံကိန်းတွင် မြန်မာအင်ဂျင်နီယာများ ပူးပေါင်းဆောင်ရွက်သည့်အတွက် အတွေ့အကြုံများ ရသွားမည်ဖြစ်သည်။ရထားတိုးတက်ခြင်းများကိုလည်း ဆောင်ရွက်သွားမည်ဖြစ်သည် ဟု သိရသည်။

Region Infrastructure and Zones Read 73 times