ပြီးခဲ့သည့် အစိုးရလက်ထက်ကတည်းက ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီအနေဖြင့်မြေပုံရေးဆွဲရေးကိုဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး လက်ရှိအစိုးရလက်ထက်တွင်လည်း ဆက်လက်ကြိုးပမ်းဆောင်ရွက်နေခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီး မှပြောကြားခဲ့သည်။
"ထိုလုပ်ငန်းအတွက် နည်းပညာအကူအညီပေါင်းစပ်နိုင်ဖို့အတွက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ဂျပန်ခရီးစဉ်မှာအကူအညီတောင်းခံခဲ့တာဖြစ်ပါတယ်။ဂျပန်ဝန်ကြီးချုပ်ရဲ့ အကူအညီပေးမှုနှင့်အတူ ဂျပန်နိုင်ငံ၏ JICA အကူအညီနှင့် Mapping ကိုရေးဆွဲဆောင်ရွက်တော့မှာဖြစ်ပါတယ်။အခုလည်းဆောင်ရွက်နေတဲ့အခြေအနေက လာမည့်နှစ်ဆန်းပိုင်းလောက်မှာ အဆုံးသတ်နိုင်ဖို့အတွက် ဆောင်ရွက်ရမှာဖြစ်ပါတယ်"
ဟု ပြောကြားခဲ့တယ်။
ရန်ကုန်မြို့ကို ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ရေးအတွက် မြေပုံတစ်ခု ခိုင်ခိုင်မာမာ လိုအပ်မည်ဖြစ်ပြီး ယင်းနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ပုဂ္ဂလိက ကဏ္ဍနယ်ပယ်တို့ပေါင်းစပ်ကာ ရန်ကုန်တိုင်းအတွင်းရှိအစိုးရနှင့် ပုဂ္ဂလိကဆေးရုံ၊ဆေးပေးခန်းများ၏ တည်ရှိမှုကို လေ့လာစမ်းစစ်မှုပြုလုပ်ခဲ့ကြောင်းသိရသည်။
"ဘတ်စ်ကားစီးမယ်ဆိုရင် လည်း လက်လှမ်းမီဖို့လိုသလိုဆေးခန်းသွားမယ်ဆိုရင်လည်း လက်လှမ်းမီဖို့လိုပါတယ်။ထို့ကြောင့် ကျွန်တော်တို့ရဲ့မြေပုံပေါ်မှာ အခြေပြုပြီးတော့ စနစ်တကျပြင်ဆင်ထားမှ ပြည်သူလူထုရဲ့ဘဝက အဆင်ပြေမှာဖြစ်ပါတယ်။"
ဟု ဝန်ကြီးချုပ်မှပြောကြားခဲ့သည်။