ရန်ကုန်မြို့တော်၏ အသေးစိတ်မြေပုံသစ်ရေးဆွဲမှု ဒီဇင်ဘာလကုန်တွင် ရာနှုန်းပြည့်ပြီးစီးမည်


07 December, 2020

ရန်ကုန်မြို့တော်၏ အသေးစိတ်မြေပုံသစ်ရေးဆွဲမှု ဒီဇင်ဘာလကုန်တွင် ရာနှုန်းပြည့်ပြီးစီးမည်ဖြစ်ကြောင်းကို YCDC မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

ရန်ကုန်မြို့တော်မြေပုံကို ခေတ်အဆက်ဆက်အသုံးပြုခဲ့ပြီး ယင်းမြေပုံသည် YCDC နယ်နိမိတ် သတ်မှတ်ခွဲခြားမှုပင်လျှင် တူညီမှုမရှိကြောင်း၊ ယင်းအတွက်ကြောင့် အသစ်ပြန်လည် ရေးဆွဲခြင်းကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဂျပန်အပြည်အပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ(JICA)တို့ ပူးပေါင်းရေးဆွဲနေခြင်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဌာန၊ အထွေထွေအုပ်ချုပ်ရေးဌာနနှင့် YCDC မှ အဖွဲ့ဝင်ပေါင်း ၁၅ ဦးပါဝင်ပြီး ၂၀၁၇ နိဝင်ဘာ ၂၀ ရက်က စတင်ရေးဆွဲနေခြင်းဖြစ်ကြောင်း၊ လက်ရှိတွင် အသေးစိတ်ရေးဆွဲမှုများ ရာနှုန်းပြည့် ပြီးစီးတော့မည်ဖြစ်ကြောင်း သိရသည်။
လက်ရှိထွက်ပေါ်လာမည့် ရန်ကုန်မြို့တော်အသေးစိတ်မြေပုံတွင် အလွန်တိကျသည့် နယ်နိမိတ်အပိုင်းအခြားများကို ဖော်ပြပေးထားမည်ဖြစ်ပြီး ဌာနများ၌ တူညီသည့်မြေပုံအချက်အလက်၊ မြေမျက်နှာသွင်ပြင်ဆိုင်ရာအချက်အလက်နှင့် အုပ်ချုပ်မှုနယ်နိမိတ်များကို ပိုင်းခြားထားမည်ဖြစ်သည်။
ရန်ကုန်မြို့တော်မြေပုံကို အသေးစိတ်ပြည့်စုံစွာရေးဆွဲနိင်ရင် အချိန်တစ်နှစ်ကျော်ကြာ၍ ဂျပန်နိင်ငံမှ ပညာရှင်များ၏ အကူအညီရယူဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ပကတိမြေပြင်အခြေအနေနှင့် ယခင်မြေပုံသည် ကွဲပြားနေသည့်အတွက် ပြန်လည်ရေးဆွဲခြင်းဖြစ်ကြောင်း သိရသည်။

Region Read 3075 times