ယာဉ်ရပ်နားကွင်းအပါအဝင်ယာဉ်ပြင်ရုံများပါဝင်မည့်တည်ဆောက်ရေးစီမံကိန်းစတင်ရန်စီစဉ်


02 November, 2020

ရန်ကုန်တိုင်းဒေသကြီးအတွင်းယာဉ်ရပ်နားကွင်းအပါအဝင်ယာဉ်ပြင်ရုံ၊ယာဉ်နှင့်ဆက်စပ်သောလုပ်ငန်းများပါဝင်မည့်တည်ဆောက်ရေးလုပ်ငန်းများကိုဇွန်လဆန်းပိုင်းအတွင်းစတင်နိုင်ရန်စီစဉ်လျက်ရှိကြောင်းရန်ကုန်ဘတ်စ် ကားအများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်မှ သိရသည်။

ယင်းစီမံကိန်းကိုရန်ကုန်တို်င်းဒေသကြီးဒဂုံ(အရှေ့ပိုင်း)မြို့နယ် မင်းရဲကျော်စွာလမ်းဘေးရှိမြေကွက်များပေါ်တွင် တည်ဆောက်ရန်စီစဉ်ထားပြီးယင်းအတွက်တင်ဒါခေါ်ယူထားကာလျှောက်ထားသောကုမ္ပဏီများကိုစိစစ်ရွေး ချယ်လျက်ရှိကြောင်းသိရသည်။

ရွေးချယ်ပြီးပါက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ထံတင်ပြသွားမည်ဖြစ်ကြောင်းသိရသည်။

လက်ရှိတွင်မြေကွက်များအတွင်းမြေရှင်းခြင်း၊ လမ်းဖောက်ခြင်း၊ ရေမြောင်းတံတားများ၊ ယာဉ်ရပ်နားကွင်းများ၊ ရုံးခန်းများ၊အလုပ်ရုံများနှင့်ဆက်စပ်အဆောက်အအုံများ၊ရေ၊မီးသွယ်တန်းခြင်းများစသည့်ဆောက်လုပ်ရေးလုပ် ငန်းများအတွက်သတ်မှတ်ချက်နှင့်ကိုက်ညီမှုရှိသောပြည်တွင်းအများပိုင်ကုမ္ပဏီတစ်ခုကိုရွေးချယ်မည်ဖြစ်သည်။

ထို့ပြင်တည်ဆောက်ရေးလုပ်ငန်းများပြီးစီးပါကယင်းလုပ်ငန်းစဉ်များကိုလုပ်ကိုင်မည့်အဖွဲ့များအားဆက်လက်ရွေးချယ်သွားမည်ဖြစ်သည်။

ရန်ကုန်မြို့အတွင်းကားပါကင်ရှားပါးခြင်းများကြောင့်ယာဉ်ကြောပိတ်ဆို့မှုများနေ့စဉ်ဖြစ်ပွားနေပြီးအထူးသဖြင့်ယာဉ်နှင့်လူရှုပ်ထွေးနေခြင်းများရှိကြောင်း၊ယင်းအတွက်သက်ဆိုင်ရာအဖွဲ့အစည်းများကကားပါကင်များဖော်ဆောင်ပေးနိုင်ရန်ဆောင်ရွက်နေခြင်းဖြစ်ကြောင်းသိရသည်။

Source:Myawaddy newspaper

Infrastructure and Zones Read 41 times