ရန်ကုန်မြို့သစ် အိမ်ရာနှင့် အထူးစီးပွားရေးဇုန် စီမံကိန်း စတင်သွားမည်


27 October, 2020

ရန်ကုန်မြို့တွင် သီလဝါ အထူး စီးပွားရေးဇုန် အပြင် ဒုတိယ အဆင့်အနေဖြင့် ရန်ကုန် အထူးစီးပွားရေးဇုန် ကိုဖော်ဆောင်သွားရန် ရှိကြောင်းသိရသည်။


ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်မ ှရန်ကုန် အထူးစီးပွားရေးဇုန် တစ်ခုဒလဘက်ကမ်းတွင်ပေါ်ပေါက်လာရန်ရှိကြောင်း၊ ရေနက်ဆိပ်ကမ်းတစ်ခုနှင့် လေယာဉ်ကွင်း တစ်ခုလျာထားကြောင်းပြောကြားခဲ့သည်။
နိုင်ငံတိုးတက်ဖွံ့ဖြိုးရေးအတွက် တိုင်းပြည်ဘဏ္ဍာများစွာရှာဖွေပေးသည့် စက်မှုဇုန်ကဏ္ဍတိုးတက်ဖွံ့ဖြိုးစေရန် လိုအပ်သောကြောင့်စက်မှုဇုန်အသစ်များထပ်မံအကောင်အထည်ဖော်သွားရန်ရှိသည့်အပြင်စက်မှုဇုန်တွင်းလမ်းများ၊လျှပ်စစ်၊ရေဆိုးစနစ်စသည်တို့ကိုလည်းစနစ်တကျကောင်းမွန်နေအောင်လုပ်ကိုင်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။
စက်မှုဇုန်သစ်တစ်ခုအနေဖြင့်ရွာသာကြီးအနီးရှိအိုးအိမ်ဥိးစီးဌာနပိုင်မြေနေရာတွင်ထူထောင်ပေးခဲ့သည့်မျိုးစပါးဇုန်နှစ်ခုနေရာတွင်ရင်းနှီးမြုပ်နှံမှုများအစုအဖွဲ့လိုက်လာမည်ဆိုပါကယင်းနေရာကိုအစိုးရ၏သင့်တင့်မျှတသည့်ဈေးဖြင့် အသုံးပြုနိုင်ရန် စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။
ဒုတိယမြောက်အထူးစီးပွားရေးဇုန်စီမံကိန်းမှာကုမ္ပဏီပေါင်း၇၀ကျော်လုပ်ငန်းလည်ပတ်နေပြီဖြစ်သောသီလဝါအတူးစီးပွားရေးဇုန်စီမံကိန်းမှာကုမ္ပဏီပေါင်း၇၀ကျော်လုပ်ငန်းလည်ပတ်နေပြီးသောသီလဝါအထူးစီးပွားရေးဇုန်စီမံကိန်းကဲ့သို့အောင်မြင်ပြီးမြန်မာနိုင်ငံ၏စီးပွားရေးကဏ္ဍဖွံ့ဖြိုးတိုးတက်မှုဖြစ်ပေါ်စေရေးအတွက်အထောက်အပံ့တစ်ခုဖြစ်ပါသည်။
အထူးစီးပွားရေးဇုန်သစ်မှာအပြည်ပြည်ဆိုင်ရာလေဆိပ်နှင့်ရေနက်ဆိပ်ကမ်းစီမံကိန်းများကိုအကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက်အခြေခံအဆောက်အအုံဆိုင်ရာဖွံ့ဖြိုးမှုအတွက်ရင်းနှီးမြုပ်နှံမှုများတောင်းဆိုသွားမည်ဟုသိရသည်။
ရန်ကုန်မြို့သစ်စီမံကိန်းအနေဖြင့်ကြည့်မြင်တိုင်တစ်ဖက်ကမ်းတွင်လာမည့်ကဏ္ဍာနှစ်အမီဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။
ယင်းစီမံကိန်းတွင်ဆောက်လုပ်ရေးလုပ်ငန်းရှင်များအားလုံးပါဝင်ခွင့်ရရန်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။
ရန်ကုန်မြို့ပတ်ပတ်လည်တွင်လည်းအိမ်ရာစီမံကိန်းများကိုအကောင်အထည်ဖော်သွားမည်ဖြစ်ပြီးရန်ကုန်တွင်အလုံးအရင်းနှင့်လူများရွေ့ပြောင်းနေထိုင်မှုမဖြစ်စေရန်အခြားပြည်နယ်နှင့်တိုင်းဒသကြီးများတွင်လည်းစက်မှုဇုန်စီမံကိန်းများ၊ အိမ်ရာစီမံကိန်းများအကောင်အထည်ဖော်ဆောင်သွားမည်ဖြစ်ကြောင်းသိရသည်။
Source:Myawaddynewsapaper

Mixed Use and Urban Local Read 61 times