ရန်ကုန်-မန္တလေးရထားလမ်းပိုင်းအဆင့် မြှင့်တင်ခြင်းစီမံကိန်း အပိုင်း(၁)မှ ရန်ကုန်ပဲခူးလမ်းပိုင်းကို ဆောင်ရွက်ရန် ၂၀၁၉ခုနှစ် ဖေဖော်ဝါရီလတွင် စာချုပ်ချုပ်ဆိုမည် ဖြစ်ကြောင်း မြန်မာ့မီးရထား(စစ်ဆေးရေး) အထွေထွေမန်နေဂျာ ဦးဘမြင့်ထံမှ သိရသည်။
“ရန်ကုန်-မန္တလေးလမ်းပိုင်းအဆင့်မြင့်တင် တာကို အပိုင်းနှစ်ပိုင်းနဲ့လုပ်မယ်။ အပိုင်း (၁)ဖြစ်တဲ့ ရန်ကုန်-ပဲခူးလမ်းပိုင်းမှာ ပဲခူးညောင်လေးပင်နဲ့ ညောင်လေးပင်- တောင်ငူ လမ်းပိုင်းကို စလုပ်နေပြီ။ရန်ကုန်-ပဲခူးလမ်း ပိုင်းက ကန်ထရိုက်နဲ့ လက်မှတ်ထိုးဖို့လုပ်နေ ပါပြီ။ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလမှာ လက်မှတ်ထိုးမယ်။ Phase တစ်ခု ၂၀၂၂ ခုနှစ်မှာပြီးမယ်။ လေးနှစ်စီမံကိန်းပါ။စီမံကိန်း တစ်ခုလုံးပြီးရင် ဝယ်ထားတဲ့ရထားတွေလည်းရောက်မယ်။ ခရီးသည်တွေအတွက် အဆင် ပြေတာပေါ့”
ဟု ဦးဘမြင့်ကပြောသည်။
ရန်ကုန်-မန္တလေးရထားလမ်းပိုင်းအဆင့် မြှင့်တင်ရေးစီမံကိန်းကို ၂ဝ၂၃ ခုနှစ်တွင် အပြီးဆောင်ရွက်မည်ဖြစ်ပြီး အဆင့်မြှင့်တင် ပြီးပါက DEMU ရထားတွဲဆိုင်းသစ်များ ဖြင့် အစားထိုးပြေးဆွဲပေးမည်ဖြစ်သည်။
ရန်ကုန်-မန္တလေးရထားလမ်းပိုင်းအဆင့် မြှင့်တင်ရေးစီမံကိန်းသည် ရန်ကုန်ဘူတာ ကြီးမှ မန္တလေးဘူတာကြီးအထိ အဆန် ၃၈၅ မိုင်အကွာအဝေးရှိပြီး အစုန်အဆန် မိုင် ၇၇၀ ရှိကြောင်း၊ ကုန်ကျစရိတ် အမေရိကန် ဒေါ်လာ ၂ ဒသမ ၇ ဘီလီယံခန့်မှန်းထား
ကြောင်း၊ ယင်းကုန်ကျစရိတ်များထဲမှ | လမ်းပိုင်းပြုပြင်ခြင်းနှင့် DEMU ရထားတွဲစုစုပေါင်း ၂၀၄ တွဲကို တရုတ်နိုင်ငံမှ ဝယ်ယူ မည်ဖြစ်သည်။
အပိုင်း(၁)ဖြစ်သည့် ရန်ကုန်-တောင်ငူ လမ်းပိုင်း ၁၆၆ မိုင်ကို လေးနှစ်ဖြင့် အပြီး ဆောင်ရွက်မည်ဖြစ်ပြီး အပိုင်း(၂)ဖြစ်သည့်တောင်ငူ - မန္တလေးလမ်းပိုင်း ၂၁၉ မိုင်ကို လည်း လေးနှစ်ဖြင့် အပြီးဆောင်ရွက်မည် ဖြစ်ရာ ၂၀၁၉ ခုနှစ်တွင်စတင်ပြီး ၂၀၂၃ ခုနှစ်တွင် ပြီးစီးမည်ဖြစ်ကြောင်း သိရသည်။