တရုတ်နိုင်ငံမှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၁၁၃ ခုတွင် လုပ်ငန်းပေါင်း ၆၅ ခုပါဝင်နေ


13 July, 2019

ရန်ကုန်တိုင်းသို့ ဝင်ရောက်လာသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၁၁၃ ခု တွင် တရုတ်နိုင်ငံမှ ၂၀၁၈-၁၉ ဘဏ္ဍာနှစ်အတွင်း လုပ်ငန်းပေါင်း ၆၅ ခုပါဝင်နေကြောင်းသိရသည်။
 
ယခုဘဏ္ဍာနှစ်အတွင်း ရန်ကုန်တိုင်းကို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စုစုပေါင်း ဒေါ်လာသန်း ၂၀၀ ကျော်ဝင် ရောက်လာကြောင်း၊အများစုက စက်မှုလုပ်ငန်းကဏ္ဍတွင် ရင်းနှီးမြှုပ်နှံခြင်းဖြစ်ကြောင်းသိရသည်။
ရန်ကုန်တိုင်းဝန်ကြီးချုပ်က ရန်ကုန်မြို့ကို မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံပြီး စီးပွားရေးလုပ်ချင်စရာနေရာ တစ်ခုဖြစ်အောင်အကောင်အထည်ဖော်မည်ဟုပြောထားရာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရန် နိုင်ငံခြားသားလုပ်ငန်း ရှင်များကို မြေရောင်းချပေးမည့် အစီအစဉ်အကောင်အထည် ဖော်မည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံသို့ ဝင်လာသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် ထပ်မံတိုးမြှင့်သည့် ရင်းနှီးမြှုပ်နှံမှုများအပါအဝင် ယခုဘဏ္ဍာနှစ် ကိုးလကျော်အတွင်း စုစုပေါင်းရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၃ ဒသမ ၃ ဘီလီယံကျော်ရှိ ကြောင်း၊တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံှံမှုက ရန်ကုန်တိုင်းတွင် ထက်ဝက်ကျော်ရှိသော်လည်း တစ်နိုင်ငံလုံးတွင် ဒေါ်လာသန်း ၄၀၀ ကျော်သာ ရင်းနှီးမြှုပ်နှံထားကြောင်း၊စင်ကာပူနိုင်ငံက ယခုဘဏ္ဍာနှစ် ကိုးလအတွင်း ဒေါ် လာ ၁ ဒသမ ၉ ဘီလီယံကျော်နှင့်မြန်မာနိုင်ငံတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ အများဆုံးရင်းနှီးမြှုပ်နှံထား ကြောင်းသိရသည်။

Myanmar Builders Guide

Local Read 54 times