Yangon Smart City


26 October, 2020

Yangon Smart City  စီမံကိန်းကို ရန်ကုန်မြို့၏ အထင်ကရတစ်နေရာရာတွင် ဆောက်လုပ်မည်ဟု ခန့်မှန်းထားကြောင်း သိရသည်။

စီမံကိန်းသည် ရန်ကုန်မြို့တွင် တည်ဆောက်မည့်နည်းပညာစီမံကိန်း ရှေ့ပြေးစီမံကိန်းတစ်ခုလည်းဖြစ်ပါသည်။

ခွင့်ပြုချက်မရသေးသဖြင့် နေရာအတိအကျကြေညာခြင်းကို ဆိုင်းငံ့ထားသည်ဟုသိရသည်။၂၀၁၇ ခုနှစ်တွင် စတင်လုပ်ဆောင်နိုင်မည်ဟု လျာထားကြသည်။

ယင်းစီမံကိန်းကို ကနဦးရင်းနှီးမြှုပ်နှံငွေ အမေရိကန်ဒေါ်လာ သန်း ၂၀၀ ကို ၂၀၂၀ ခုနှစ်အထိ သုံးစွဲရန် လျာထားပြီး နောက်ထပ်ရင်းနှီးမြှုပ်နှံမှုများကိုလည်း ထပ်ပြီးလက်ခံသည်ဟု သိရသည်။

ကိုရီးယား၊ တရုတ်နှင့် စင်္ကာပူနိုင်ငံတွေက စီမံကိန်းတွင် လာရောက်ရင်းနှီးမြှုပ်နှံရန်အတွက် ညှိနှိုင်းသည်ဟု သိရသည်။

Yangon Smart City  စီမံကိန်းကို တည်ဆောက်ရသည့် ရည်ရွယ်ချက်မှာ ပြည်သူလူထုကို စဉ်ဆက်မပြတ်သည့် အဆင့်မြင့်နည်းပညာများ သုံးစွဲနိုင်အောင် ရည်ရွယ်ပြီး ဆောက်လုပ်ထားသည်ဟု သိရသည်။

ထိုစီမံကိန်းကြောင့် လာမည့် ၄နှစ်အတွင်း အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၃ သောင်းမှ ၅ သောင်းအထိ ရှိလာမည်ဟု ခန့်မှန်းထားသည်။

Provisional design and planning

စီမံကိန်း၏ Master Planning နှင့် ဒီဇိုင်းကို အင်္ဂလန်အခြေစိုက် Chapman Taylor အပါအဝင် အရှေ့တောင်အာရှ ဆောက်လုပ်ရေးကုမ္ပဏီနှင့်လည်း ဆွေးနွေးလျက်ရှိပါသည်။

အစိုးရ၏ ခွင့်ပြုချက်ရရှိဖို့ စောင့်ဆိုင်းနေသည့် ဤစီမံကိန်းမြေ ၅ ဧကရှိတဲ့မြေပေါ်တွင် အဆောက်အဦ ၃ လုံး သို့မဟုတ် ၄ လုံးခန့် ဆောက်လုပ်မည်ဟု လျာထားသည်ဟု ဆိုသည်။

Yangon Smart City  စီမံကိန်းတွင် ကာဗွန်လျော့ချမှုဆိုင်ရာများ ပြုလုပ်ပြီး ပတ်ဝန်းကျင်ညစ်ညမ်းမှုကို မထိခိုက်စေသည့် သန့်ရှင်းသည့် ပြန်လည်ဖွံ့ဖြိုးမြဲစွမ်းအင် (renewable green energy) သုံးစွဲမှုကို ထည့်သွင်းဆောက်လုပ်မည်ဟု သိရသည်။

စီမံကိန်းတွင် Business Centre, Research & Development Centre and incubation centre တို့ ပါဝင်မည်ဟု သိရသည်။

Convention Centre ရဲ့ဘေးတွင် ဟိုတယ်ကို ဆောက်လုပ်မည်ဖြစ်ပြီး အထပ်မြင့် ၁၀ထပ်မှ ၁၅ ထပ် အထိ ဆောက်လုပ်မည်ဟု သိရသည်။

Office Tower ရဲ့အောက်တွင် incubation centre ကို ထည့်သွင်းဆောက်လုပ်မည်ဖြစ်ပြီး အထပ်မြင့် ၁၂ ထပ်အထိ ခန့်မှန်းထားပြီး ဘေးတွင် Research & Development Centre ကို တည်ဆောက်မည်ဟု သိရသည်။

Incubation centre တွင် ရုပ်ရှင်ရုံ, zero-gravity road, 3D virtual world, ဥယျာဉ်နှင့် ပြတိုက်တို့ ပါဝင်မည်ဟု သိရသည်။

စီမံကိန်းတွင် စွမ်းအင်ဆိုင်ရာလိုအပ်ချက်အတွက် စွန့်ပစ်အပူသုံးစက်ရုံတစ်ရုံပါဝင်မည်ဖြစ်ပြီး နေစွမ်းအင်၊ ရေစွမ်းအင်၊ သဘာဝစွမ်းအင်တို့ကိုသာ ထုတ်လုပ်သုံးစွဲမည်ဟု သိရသည်။

Mixed Use and Urban Read 141 times