လှိုင်သာယာမှပါရမီဘူတာအထိ၂၀၂၇ တွင် အပြီးတည်ဆောက်မည့် ရန်ကုန်မိုးပျံရထားလမ်း


13 July, 2019

လှိုင်သာယာ ဘူတာမှ လှိုင်မြစ်ကိုဖြတ်ပြီး ရန်ကုန်အရှေ့ပိုင်းပါရမီဘူတာအထိ ဆက်သွယ်ဖောက်လုပ်သွားမည့် ရန်ကုန်မိုးပျံရထားလမ်းပိုင်းကို ၂၀၂၇ တွင် အပြီးတည်ဆောက်သွားမည်ဖြစ်ကြောင်းသိရသည်။ထိုအပိုင်းတွင် ဘူတာရုံ ၁၃ ခုပါဝင်မည်ဖြစ်ကြောင်း သိရသည်။

 ဇူလိုင်၂၆ ရက် နံနက် ၁ဝ နာရီက ဗိုလ်တထောင်မြို့နယ် ကမ်းနားလမ်းရှိ ရေကြောင်းပို့ဆောင်ရေးညွှန် ကြားရေးမှူးဦးစီးဌာနရုံး ပထမထပ်ရှိ အစည်းအဝေးခန်းမ (၃) ၌ Yangon Urban Mass Rapid Transit Construction Project (Y.U.M.R.T) ရန်ကုန်မိုးပျံရထားလမ်းစီမံကိန်း၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပခဲ့သည်။

၁၈ ကီလိုမီတာခန့်ရှည်လျားမည့် ယင်းမိုးပျံရထားလမ်းစီမံကိန်းကို အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော် သုံးစွဲမည်ဖြစ်ပြီး လှိုင်သာယာ-ပါရမီလမ်းပိုင်းတွင် တည်ဆောက်မည့် ဘူတာရုံများ၌ ဓာတ်လှေကား၊လက်မှတ်ရုံ၊ စင်္ကြံ၊နားနေဆောင်များနှင့် ဘူတာ ၁၃ ရုံပါဝင်မည်ဖြစ်ပြီး ၂ဝ၂၁ ခုနှစ်တွင် စတင်မည်ဖြစ်ကာ၂ဝ၂၇ ခုနှစ်၌ ပြီးစီး ရန်လျာထားကြောင်း သိရသည်။

Local Read 58 times