ရန်ကုန် တိရစ္ဆာန်ဥယျာဉ်အား အဆင့်မြှင့်တင်မည်


27 October, 2020

ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ကိုအများပြည်သူအပန်းဖြေမှု ပိုမိုတိုးတက်လာစေရန် အဆင့်မြှင့်တင်မှုများဆောင်ရွက် ပေးမည်ဖြစ်ဖြစ်ကြောင်းရန်ကုန်တိရစ္ဆာန်ဥယျာဉ်စီမံအုပ်ချုပ်မှု မန်နေဂျာမှပြောကြားထားသည်။

ယင်းဥယျာဉ်အတွင်းမရှိသေးသောတရိစ္ဆာန်အကောင်အရေများထပ်မံဖြည့်တင်းပေးမည့်အပြင် စိတ်လှုပ်ရှားဖွယ် 3D တိရစ္ဆာန်ပုံပန်းချီများကိုလည်းထည့်သွင်းရေးဆွဲပေးထားမည်ဖြစ်ပြီးနေရာအများစုတွင် ရေးဆွဲမည်ဖြစ်ကြောင်းသိရသည်။
လက်ရှိတွင် ရေပေါ်ဘောလုံးနှင့် လမ်းလျှောက်သည့် အစီအစဉ်အသစ်များကိုတိုးချဲ့ဆောင်ရွက်ပေးထားမည်ဖြစ်ပြီးတိရစ္ဆာန်အကောင်အရေထပ်မံဖြည့်တင်းရန်အတွက်လည်းသက်ဆိုင်ရာသစ်တောဦးစီးဌာနသို့တင်ပြမည်ဖြစ်ကြောင်းသိရသည်။
ရန်ကုန်တိရစ္ဆာန်ဥယျာဉ်အတွင်း နို့တိုက်သတ္တဝါ ၄၄ မျိုး၊ ကျေးငှက်မျိုးစိတ် ၇၀ နှင့်တွားသွားသတ္တဝါမျိုးစိတ် ၁၇ မျိုးစုစုပေါင်းတိရစ္ဆာန်အကောင်ရေ ၁၃၉၀ ကျော်ကို ပြသထားကြောင်း၊ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်သည် ယခင်ကအများပြည်သူလည်ပတ်သွားလာမှုများပြားခဲ့သော်လည်းနောက်ပိုင်းတွင် လာရောက်လည်ပတ်မှု နှုန်းနည်းသွားခဲ့သည့်အတွက် ယခုအခါလည်ပတ်မှုနှုန်းပြန်လည်မြင့်တက်လာစေရန် ကစားကွင်းများနှင့် စိတ်ဝင်စားဖွယ်ပြကွက်များုပါ ထည့်သွင်းသွားမည်ဖြစ်ကြောင်းသိရသည်။
၂၀၁၆ ခုနှစ်အတွင်းကတိရစ္ဆာန်ဥယျာဉ်အတွင်းသို့လာရောက်လည်ပတ်သူဦးရေသည် တစ်သန်းခွဲကျော်ရှိပြီးယခုနှစ်အတွင်းသို့ လာရောက်လည်ပတ်မှုတိုးတက်လာမည်ဖြစ်ကြောင်းသိရသည်။
Source:Myawaddy newspaper

Local Read 46 times