မန္တလေးမြို့တွင်း အိမ်ခြံမြေ အငှားစျေးကွက်မှာလာမည့် ၂ဝ၁၈ခုနှစ်တွင် အရင်နှစ်များထက် ငှားရမ်းခပိုမိုမြင့်မားလာဖွယ်ရှိသည်ဟု အကျိုးဆောင်အချို့မှ ခန့်မှန်းထားသည်။
နှစ်စဉ်ဇွန်၊ဇူလိုင်လဆန်းမှ နိုဝင်ဘာ၊ဒီဇင်ဘာလအထိ မန္တလေးအိမ်ခြံမြေရောင်းဝယ်ငှားရာသီဖြစ်ပြီး ယခုနှစ်ပိုင်းတွင် အငှားစျေးကွက်၏ငှားရမ်းခနှုန်းသည် တစ်နှစ်ထက်တစ်နှစ် ပိုမိုမြင့်မားလာကြောင်း သိရသည်။
၂ဝ၁၇ခုနှစ်သည် ယခင် ၂ဝ၁၆ခုနှစ်ထက်စာလျှင် အငှားသွက်သလို စျေးနှုန်းလည်း မြင့်တက်လာသည်။၂ဝ၁၈ခုနှစ်တွင် ငှားရမ်းခများ သည်ထက်ပိုမိုမြင့်မားမည်ဟု အကျိုးဆောင်လုပ်ငန်းအချို့မှ ခန့်မှန်းထားသည်။
အကျိုးဆောင်တစ်ဦးမှ အငှားစျေးကွက်သည်စျေးကွက်လိုအပ်ချက်အရရော နောက်တစ်ခုမှ အငှားလိုင်စင်ဆိုသည်မှာ ရှိသည်။ထိုအတွက်ကြောင့် စျေးကွက်သည်တက်နေမည်ဖြစ်ကြောင်း သိရသည်။
အိမ်ပိုင်ရှင်မှ အိမ်ငှားပိုင်ခွင့် လုပ်ငန်းလိုင်စင်အား ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်မှ စပြီး သတ်မှတ်စည်းကမ်းချက်များနှင့်အညီ လျှောက်ထားပြုလုပ်ရန်မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ ကြေညာချက်ထုတ်ပြန်ထားကြောင်း သိရသည်။
အိမ်ငှားပိုင်ခွင့် လုပ်ငန်းလိုင်စင်ပြုလုပ်ရမည်ဖြစ်ပြီး ယင်းလိုင်စင်အတွက်ပေးဆောင်ရမည့်နှုန်းထားသည် ငှားရမ်းခ၏ ငါးရာခိုင်နှုန်းဖြစ်ကြောင်း သိရသည်။
***သင်စိတ်ဝင်စားနိုင်သော အဆောက်အဦတစ်ခုတရားဝင်ဆောက်လုပ်ရန် အတွက်လိုအပ်သောစာရွက်စာတန်းများ***
ယင်းလိုင်စင်ကြေးကြောင့် လာမည့်နှစ်အတွက် အိမ်ငှားရမ်းခ နှုန်းထားများ ယခင်နှစ်နှင့်ယှဉ်လျှင် ပိုမိုမြင့်မားလာသည်ဟု အကျိုးဆောင်အချို့မှ ခန့်မှန်းပြောကြားထားကြောင်း သိရသည်။
နေရာအကွက်အကွင်းကောင်းမွန်၍ စီးပွားရေးအရ လုပ်ကိုင်၍ရမည့် မြေနေရာများအပြင် ရုံးခန်း၊သင်တန်းကျောင်း၊လူနေထိုင်ရန်ငှားရမ်းသည့်အိမ်ငှားရမ်းခများလည်းမြင့်တက်လာနိုင်ကြောင်း သိရသည်။
လတ်တလောစျေးကွက်တွင် မန္တလေးမြို့၏အဓိက အချက်အချာနေရာတွင် မြေများအငှားသွက်နေသလို ကျန်သည့်အခြားနေရာများရှိမြေကွက်အသင့်အတင့်ကျယ်ဝန်းသည့် နေရာတွင်လည်း အငှားစျေးကွက်ကောင်းမွန်နေကြောင်း သိရသည်။
ရန်ကုန်မြို့တွင်း အိမ်ခြံမြေ ငှားရမ်းမှုအခြေအနေ