လစဉ် ကျပ်လေးသိန်း သွင်းရုံဖြင့် ကွန်ဒို တစ်ခန်း ပိုင်ဆိုင်နိုင်မည်


27 October, 2020

မြန်မာနိုင်ငံသားပိုင်ဆိုင်သည့် iGreen မှာ လစဉ်ငွေကျပ်လေးသိန်းသွင်းရုံဖြင့် ကွန်ဒိုတစ်ခန်း ပိုင်ဆိုင်နိုင်တော့မည် ဖြစ်ကြောင်းသိရသည်။

ယင်းကွန်ဒိုကို လေဆိပ်နားတွင်ရှိသော မြေ ၁.၄၇ ဧကပေါ်တွင် ဆောက်လုပ်ထားခြင်းဖြစ်ကြောင်းသိရသည်။

ယင်းကွန်ဒိုမှအခန်းများကို နိုင်ငံခြားသားများကို ပြန်လည်ငှားရမ်းခြင်း၊ ရောင်းချခြင်းများပြုလုပ်နိုင်မည်ဖြစ်ပြီး စုပေါင်းအဆောက်အအုံအဖြစ်မှတ်ပုံတင်ထားသော ကွန်ဒိုတစ်ခုဖြစ်ကြောင်းသိရသည်။

ထိုအဆောက်အအုံရှိ အခန်းများကို စတင်ဆောက်လုပ်နေပြီးဖြစ်ပြီ ၂၀၁၈ ခုနှစ်ဇွန်လတွင် အပြီးသတ်ဆောက်လုပ်နိုင်မည်ဟုသိရသည်။

ယင်းကွန်ဒိုကို ဝယ်ယူသူများသည် စရန်ကျပ်ကိုးသိန်းအရင်ပေးသွင်းရမည်ဟုသိရသည်။

သော့အပ်သည့်အချိန်တွင် ၁၃ ရာခိုင်နှုန်းကို ပေးသွင်းရမည်ဖြစ်ပြီး ကျန်၇၄ ရာခိုင်နှုန်းကို ၁၄၈ လအရစ်ကျငွေချေစနစ်ဖြင့် အတိုးပေးစရာမလိုပဲ လစဉ် ကျပ် လေးသိန်းပေးသွင်းရမည်ဖြစ်ကြောင်းသိရသည်။

ယင်းကွန်ဒိုမှ ပထမဆုံးဝယ်ယူသည့် အခန်း ၁၅ ခန်းကို လက်ဆောင်အနေဖြင့် ပါကေး၊ အဲကွန်းများကို တပ်ဆင်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

ထိုကွန်ဒိုမှ အခန်းများကို ဝယ်ယူခြင်းဖြင့် လစဉ်လေးသိန်းပုံမှန်သွင်းရုံဖြင့် ကွန်ဒိုအခန်းများကို ပိုင်ဆိုင်နိုင်မည့် အခွင့်အရေးရရှိနိုင်မည်ဖြစ်ကြောင်းသိရသည်။

Imyanmarhouse

Residential Read 57 times