အဆင့်မြင့်ကွန်ဒိုတိုက်ခန်းများကို ၁၅နှစ် အရစ်ကျချေးငွေလျှောက်ထားမှုစနစ်ဖြင့် စတင်ဝယ်ယူနိုင်မည်


12 November, 2020

ရန်ကင်းမြို့နယ်၌ ဖော်ဆောင်လျက်ရှိသော Golden City ကွန်ဒိုမီနီယံစီမံကိန်းမှ အဆင့်မြင့်ကွန်ဒိုတိုက်ခန်းများကို ချေးငွေလျှောက်ထားကာ ၁၅နှစ်အရစ်ကျ ငွေပေးချေမှုစနစ်နှင့် ဝယ်ယူနိုင်မည့်အစီစဉ်ကို ဆောင်ရွက်ရန် Golden Land Real Estate Development Co.,( Golden City စီမံကိန်း) နှင့် ရိုးမဘဏ်တို့ ပူးပေါင်းခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်။

အဆင့်မြင့်ကွန်ဒိုတိုက်ခန်းများကို ၁၅နှစ် အရစ်ကျချေးငွေလျှောက်ထားမှုစနစ်ဖြင့် စတင်ရောင်းချသွားမည်ဖြစ်ပြီး ဝယ်ယူသူများအနေဖြင့် အဆင့်မြင့်လူနေမှု တိုက်ခန်းများကို တစ်လလျှင် အမေရိကန်ဒေါ်လာ ၁၀၀၀မှစတင်၍ အရစ်ကျပေးချေနိုင်မည်ဖြစ်ကြောင်း သိရပါသည်။

ရိုးမဘဏ်၏ Chief Performance Officer မှ ရိုးမဘဏ်တစ်ခုအနေဖြင့် Golden City နှင့် လက်တွဲပြီး ရိုးမဘဏ်အိမ်ရာချေးငွေ အစီစဉ်ကို တင်ပြခွင့်ရသည့်အတွက် ဝမ်းသာကြောင်းနှင့် Golden City အိမ်ရာကိုဝယ်ယူမည့် Customer များလည်း ရိုးမဘဏ်က အဆင်ပြေလွယ်ကူပြီး လိုက်လျောညီထွေရှိသော ငွေပေးဆပ်မှုပုံစံများကို ထားရှိပေးသည့်အတွက် ကျေနပ်ကြမည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့ပါသည်။

အဆိုပါအစီစဉ်အရ ဝယ်ယူမည့်သူများသည် မိမိဝယ်ယူမည့်အခန်း၏ စုစုပေါင်းကျသင့်ငွေ၏ ၇၀ရာခိုင်နှုန်းအထိ ချေးငွေလျှောက်ထားနိုင်ပြီး Golden Land Real Estate Development Co., အနေဖြင့် ယခင်က Golden City ရှိ အဆင့်မြင့် လူနေတိုက်ခန်းများကို အတိုးမဲ့ ၄၈လ အရစ်ကျပေးချေမှုစနစ်ဖြင့် ရောင်းချခဲ့ခြင်းဖြစ်ရာ ယခုအခါ ရိုးမဘဏ်နှင့် ပူးပေါင်း၍ ၁၅နှစ်ကြာ ချေးငွေလျှောက်ထားမှုစနစ်ဖြင့် ပထမဆုံးရောင်းချခဲ့ခြင်းဖြစ်ကြောင်း ၊ယခုကဲ့သို့ နှစ်ရှည်အရစ်ကျရောင်းချပေးခြင်ကို Golden City အိမ်ရာစီမံကိန်းအပြင် အခြားအဆင့်မြင့် အိမ်ရာစီမံကိန်းများဖြစ်သော ရွှေတောင်လုပ်ငန်းစုက ဆောက်လုပ်လျက်ရှိသော အိမ်ရာများကိုလည်း ရောင်းချပေးသွားရန် စီစဉ်ထားကြောင်းသိရပါသည်။

pyi Myanmar journal

Residential Read 50 times