စည်ပင်သာယာဥပဒေပုဒ်မများအရ အိမ်ပိုင်ရှင်ဖြစ်သူအနေဖြင့် အိမ်ငှားပိုင်ခွင့်လုပ်ငန်းလိုင်စင်ွကို ဧပြီလ ၁ ရက်မှကစပြီး မဖြစ်မနေလျှောက် ထားရ မှာဖြစ်ပြီး လိုင်စင်လျှောက်ထားတာမှု မလုပ်ဆောင်ပါက ပြဋ္ဌာန်းထားသော ဥပဒေအတိုင်း အရေးယူခံရမည်ဖြစ်ကြောင်း သိရသည်။
အိမ်ငှားပိုင်ခွင့် လုပ်ငန်းလိုင်စင်တွင်ဥပဒေပြဋ္ဌာန်းပြီး ဖြစ်သော်လည်း အိမ်ပိုင်ရှင်များအနေဖြင့် မေ့လျောထား၍ လုပ်ငန်းလိုင် စင်လျှောက်ထားပြီး အခွန်ကောက်ခံရခြင်းသည် စီးပွားဖြစ် အိမ်ငှားရမ်းနေသူများအတွက် ရည်ရွယ်ကာလုပ်ဆောင်နေခြင်းဖြစ်ကြောင်းသိရသည်။
တချို့အိမ်ငှားလုပ်ငန်းကိုစီးပွားရေးလုပ်ငန်းကြီးတစ်ခုအနေနဲ့ လုပ်နေ ကြတဲ့သူများရှိပြီး အိမ်ငှားလုပ်ငန်းလိုင်စင် ဆိုတာကလည်း အခုမှ ဖြစ် လာတာ မဟုတ်ပါပဲ အရင်ကတည်းက ဥပဒေပြဋ္ဌာန်းပြီး ဖြစ်ပါသည်
ပြည်တွင်းအိမ်ငှားလုပ်ငန်းမှာ မိရိုးဖလာလုပ်ငန်းအဖြစ်သာ ရှိနေသေးပြီး မြို့တော်စည်ပင်သာယာရေး ကော်မတီမှ လုပ်ငန်းလိုင်စင်လျှောက်ထားစေပြီး အခွန်ကောက်ခံတာက ကောင်းမွန်တဲ့ လုပ်ရပ် တစ်ခုဖြစ်ကြောင်း ယခုကဲ့သို့အခွန်ကောက်ခံနေမှုွကို အိမ်ရှင်များအနေနဲ့ လက်ခံရမှာဖြစ်ပြီး စည်ပင်အနေ နဲ့လည်း အိမ်ရှင်နဲ့အိမ်ငှားတွေအကြား အငြင်းပွားဖွယ်ကိစ္စတွေကို တာဝန်ယူဖြေရှင်းပေးဖို့လိုကြောင်းသိရသည်။
အိမ်ငှားရမ်းခြင်း လုပ်ငန်းလိုင်စင်လျှောက်ခြင်းနှင့် ပတ်သက်ပြီး အများပြည်သူသိရှိစေရန် ပညာပေး ကာလအဖြစ် ၂၀၁၇ ဧပြီလမှ ဇွန်လအထိသတ်မှတ်ထားပြီး ပညာပေးကာလ ပြည့်ပြီးနောက်တွင် အိမ်ငှားရမ်းခွင့်လုပ်ငန်းလိုင်စင် လျှောက်ထားမှုမရှိပါက ဥပဒေအတိုင်း အရေးယူခံရမည်ဖြစ်ပြီး အိမ်ငှားရမ်းခြင်း၊ လုပ်ငန်းလိုင်စင်အရ ငှားရမ်းခရဲ့ ငါးရာခိုင်နှုန်းကို အခွန်ကောက်ခံမည်ဟုသိရပါသည်။
Imyanmarhouse