Yuzana Low Cost Housing


26 October, 2020

ယုဇန အိမ်ရာစီမံကိန်း ဟာ ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ် ယုဇနဥယျာဉ်မြို့တော်အတွင်းရှိ ပဲခူးမြစ်လမ်းနဲ့ ယုဇနတိုက်ခန်းများ အကြား မြေကွက်လပ်နဲ့ စစ်တောင်းအိမ်ရာအနောက်ဘက်ရှိ မြေကွက်လပ်နှစ်ခုပေါ်တွင်   မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနက တည်ဆောက်နေတဲ့ စီမံကိန်းတစ်ခုဖြစ်ပါတယ်။

ယုဇနဥယျာဉ်မြို့တော်အိမ်ရာအတွင်း အဲဒီအိမ်ရာကို  အပိုင်း(၁) နဲ့ အပိုင်း(၂) ခွဲပြီးဆောက်နေပါတယ်။

အပိုင်း (၁)

အပိုင်း(၁) ကို ၂၀၁၄ သြဂုတ်လ ကစဆောက်ခဲ့ပြီး၊ တိုက်ခန်းများမှာ ၂၂ ပေ (စတုရန်းပေ ၄၄၀) ပတ်လည် အခန်းများ ဖြစ်ပါတယ်။ ရေချိုးခန်းနဲ့အိမ်သာ များတစ်ပါတည်းပါရှိပါတယ်။ခြောက်ခန်းတွဲ လေးထပ် အဆောက်အအုံ ၁၂ လုံး၊ ရှစ်ခန်းတွဲ လေးထပ်အဆောက်အအုံ ၁၈ လုံး၊ စုစုပေါင်း တိုက်အလုံးရေ ၃၀ မှ အခန်းပေါင်း ၈၆၄ ခန်း ထွက်ရှိပါမယ်။ အပိုင်း(၁)  ကို ကုမ္ပဏီ ၁၁ ခုနဲ့ တည်ဆောက်နေတာဖြစ်ပါတယ်။  အပိုင်း (၁) ကတော့ အခန်းအပ်တော့မည်ဟု သိရပါသည်။

အပိုင်း(၂)

တည်ဆောက်ဆဲ အပိုင်း(၂) ကို ၂၀၁၅ မတ်လ က စဆောက်ခဲ့ပြီး၊ ၂၀၁၆ ခုနှစ် အကုန်ပြီးမည်ဟု သိရပါသည်။

အပိုင်း(၂) ကို သီဟိုဠ်လမ်းမပေါ် မြေဧက ၁၇ ဧက ပေါ်တွင် ကုမ္ပဏီ ၁၇ ခုနဲ့ တည်ဆောက် နေတာ ဖြစ်ပါတယ်။ ကုမ္ပဏီများက (ပစ္စည်းဖိုးနဲ့လက်ခ) အပြီးအစီး စနစ်နဲ့ တည်ဆောက်တာဖြစ်ပြီး ရေ၊လျှပ်စစ်မီး၊ မိလ္လာစနစ် အပါအဝင် ဆေးသုတ်ပြီးအထိ ၁ စတုရန်းပေကို ၁၇၀၀၀ ကျပ်ဖြင့် ကုမ္ပဏီများက အပြီးအစီးတာဝန်ယူ တည်ဆောက်ပေးရတာဖြစ်ပါတယ်။

ခြောက်ခန်းတွဲ လေးထပ် အဆောက်အအုံ ၁၂ လုံး မှ တိုက်ခန်း ၂၈၈ ခန်း၊ ရှစ်ခန်းတွဲ လေးထပ်အဆောက်အအုံ ၂၈ လုံး မှ တိုက်ခန်း ၉၂၄ ခန်း၊   စုစုပေါင်း တိုက်အလုံးရေ ၃၀ မှ အခန်းပေါင်း ၁,၁၅၂ ခန်း ထွက်ရှိပါမယ်။

တိုက်ခန်းများမှာ ၄၆၈ စတုရန်းပေ ပတ်လည် အခန်းများ ဖြစ်ပါတယ်။ ရေချိုးခန်းနဲ့အိမ်သာ များတစ်ပါတည်းပါရှိပါတယ်

အပိုင်း(၃)

နောက် မကြာခင် ယုဇန အိမ်ရာစီမံကိန်း အပိုင်း( ၃)  အဖြစ် ခြောက်ခန်းတွဲ လေးထပ် တိုက်အလုံး၄၀ (စုစုပေါင်း ၁၀၀၈ ခန်း)  ကိုလည်းဆက်လက်လုပ်ဆောင် အကောင်အထည်ဖော် ဆောင်ရွက်မည် ဟုသိရှိထားပါတယ်။

Pricing

ရောင်းမည့်အခန်းများ၏ pricing မှာ  မြေညီထပ် အခန်းများကို သိန်း ၂၀၀ ဟု သတ်မှတ်ထားပြီး အပေါ်ဆုံးထပ်များကို သိန်း ၁၅၀ ဟု သတ်မှတ်ထားပါသည်။

ငွေပေးချေမှုစနစ်မှာ ဆောက်လုပ်ရေးဘဏ်နှင့် ချိတ်ဆက်၍ ဝယ်ယူနိုင်ကာ ၃၀ ရာခိုင်နှုန်းပေးချေရမည်ဖြစ်ပြီး ကျန်သည့်ပမာဏကို လစဉ် ၈ နှစ် အရစ်ကျ ပေးရမည်ဖြစ်သည်။ ကျန်သည့်အခန်းများကို ငှားမည်ဟု သိရသည်။

Source: Myanmar Times, Myanma Alinn Daily

Public Housing Read 222 times