ဇေကမ္ဘာပြတိုက်


27 October, 2020

ဇေကမ္ဘာပြတိုက် စီမံကိန်းကို ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်ရှိ ဇေကမ္ဘာဥယျာဉ်အတွင်း တည်ဆောက်သွားမည် ဖြစ်ကြောင်းသိရသည်။

ယင်းစီမံကိန်းအတွက် ငွေကျပ် ဘီလီယံ ၂၀ ကျော်အကုန်အကျခံတည်ဆောက်သွားမည် ဟုသိရသည်။

ထိုပုဂ္ဂလိကပြတုက်ကို မြေစတုရန်းပေ ၁၅၀၀၀၀ ကျော်တွင် တည်ဆောက်သွားမည်ဖြစ်ပြီး ယင်းပြတိုက်သည် အာရှတွင် အကြီးမားဆုံးပြတိုက်ဖြစ်လာနိုင်ကြောင်းသိရသည်။

ယင်းပြတိုက်ကို တစ်နှစ်အတွင်းအပြီးသတ်ဆောက်လုပ်သွားမည်ဖြစ်ပြီး ၂၀၁၈ ခုနှစ်တွင် စတင်ဖွင့်လှစ်နိုင်ရန်စီစဉ်ထားသည်ဟုသိရသည်။

ထိုပြတိုက်ကို ပြင်သစ်ပညာရှင်များနှင့် ဒီဇိုင်းရေးဆွဲထားကာ နိုင်ငံခြားသားအနုပညာရှင်များမှ Decoration ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။

ပြတိုက်ထိန်းသိမ်းရေးအတွက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၏ အကူအညီဖြင့် ဝန်ကြီးဌာနတွင် သင်တန်းတက်ရောက်ထားသူများနှင့် ပြည်ပပညာသင်ကြားထားသူများက ထိန်းသိမ်းသွားမည်ဖြစ်ကြောင်းသိရသည်။

လက်ရှိတွင် ရှေးဟောင်းပစ္စည်းအမျိုးအစားပေါင်း ၆၀၀၀၀ ကျော်နှင့် ခေတ်အဆက်ဆက်အသုံးပြုခဲ့သော ရှေးဟောင်းအိုးပေါင်း ၁၀၀၀၀ ကျော်စုဆောင်း ထားရှိထားပြီးဖြစ်သည်ဟုသိရသည်။

ထို့ပြင် အထူးဆန်းဆုံးဖြစ်သည့် အညာဒေသမှရရှိထားသော ၈ ပေ ၄ လက်မ အရွယ်ရှိ လိပ်ကိုလည်း ထိုပြတိုက်တွင် ထားရှိသွားမည်ဖြစ်ကြောင်းသိရသည်။

ပြတိုက်ဝင်ကြေးအဖြစ် နိုင်ငံခြားသားခရီးသွားဧည့်သည်များနှင့် ပြည်တွင်းဧည့်သည်များအတွက် အခကြေးငွေသတ်မှတ်ပေးသွားမည်ဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူများအတွက် အခမဲ့စီစဉ်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

Source:Myawaddy newspaper

Hospitality Read 312 times