ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)ပြည်မြို့နယ်အတွင်းရှိ သရေခေတ္တရာရှေးဟောင်းဇုန်မြို့ရိုးပေါ်တွင် ဖောက်လုပ်ခဲ့သည့် ပြည်-ပေါက်ခေါင်းလမ်းပိုင်းကို ပြင်ဆင်မှုအစားအခြားဇုန်ရှောင်လမ်း အသစ်တစ်ခုဖောက်လုပ်မည်ဖြစ်ကြောင်းသိရသည်။
အဆိုပါပြည်-ပေါက်ခေါင်းအဝေးပြေးလမ်းပိုင်းတစ်နေရာဖြစ်သည့်သရေခေတ္တရာရှေးဟောင်းဇုန်မြို့ရိုးပေါ်ရှိတစ်မိုင်ခွဲအရှည်ခန့်တွင် ကျဉ်းမြောင်းခြင်းများကြောင့် ယာဉ်တိုက်မှုများ မကြာခဏ ဖြစ်ပေါ်နေပြီး လမ်းကျဲ့ရန်နှင့် ထပ်ပိုးလွှာခင်းခြင်းများ ပြုလုပ်ရာတွင်ရှေးဟောင်းဇုန်ဥပဒေများဖြင့် ကိုက်ညီခြင်းမရှိ၍ ပြင်ဆင်မှုများအား ရပ်ဆိုင်းထားရပြီး အခြားမြို့ရှောင်လမ်းတစ်ခုဖောက်လုပ်ရန်တိုင်းဒေသကြီးလွှတ်တော်တွင် အဆိုအောင်မြင်ခဲ့သည့် အတွက်မြို့ရှောင်လမ်းဖောက်လုပ်မည်ဖြစ်ကြောင်းသိရသည်။
အဆိုအောင်မြင်ခဲ့သည့်အတွက် တိုင်းထွာခြင်းလုပ်ငန်းများကို စတင်လုပ်ဆောင်နေပါပြီ၊လမ်းချဲ့ခြင်းထပ်ပိုးလွှာမလုပ်ရန်တားမြစ်ထားတယ်။မြို့ရိုးပေါ်တွင်ရှိသော လမ်းကကျဉ်းတဲ့အတွက် ကျောင်းသားများနှင့် ကြံကားများ တိုက်တာတွေဖြစ်တယ်။ထို့ကြောင့်အခြားမြို့ရှောင်လမ်းဖောက်ရန် စီစဉ်ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ လုပ်ဆောင်ရခြင်းသည်နောက်ပိုင်းကုန်သွယ်စီးပွားရေးတိုးတက်လာလျှင် ဒီလမ်းက ရှေးဟောင်းမြို့ရိုးပေါ်တည်ထားသည့်အတွက် ဒီလမ်းက သွားနိုင်သည်။ယခုလိုမြို့ရှောင်လမ်းလုပ်မည်ဆိုတော့ နိုင်ငံတကာမှာလည်း အမှတ်ရမည့် ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်ကို သူတို့ ထိန်းတယ်ဆိုတာမျိုး တန်ဖိုးထားကြပါလားဆိုပြီး မြင်လာမည့် ဒေသတွင်းယာဉ်ငယ်လေးတွေက တော့ သုံးလို့ရမှာဖြစ်တယ်ဟု သိရသည်။
ယင်းအသစ်ဖောက်လုပ်မည့် လမ်းပိုင်းမှာ လေးမိုင်ခန့်ရှည်လျားပြီး ၂ဝ၁၉-၂ဝ၂ဝ ဘတ်ဂျက်တွင်လုပ်ဆောင်မည်ဖြစ်ကာ နှစ် နှစ်ခန့်ကြာမြင့်မည်ဖြစ်ပြီး ဇီးအုပ်ကျေးရွာအနီးမှ ဖြတ်သန်းသွားမည်ဖြစ်ကြောင်းသိရသည်။