ဇွဲကပင်တောင် ကေဘယ်ရထားစီမံကိန်းဆောင်ရွက်မှု


11 December, 2019

ကရင်ပြည်နယ် ဘားအံမြို့နယ်ရှိ ဇွဲကပင်တောင် ကေဘယ်ရထားစီမံကိန်းဆောင်ရွက်မှု ၈၀ ရာခိုင်နှုန်းပြီးစီးနေပြီး တည်ဆောက်ရေးလုပ်ငန်းအတွက် လိုအပ်နေသောပစ္စည်းများ ဧပြီ ၂၉ ရက်က ထပ်မံရောက်ရှိလာကြောင်း သိရသည်။

 
ဇွဲကပင်တောင် ကေဘယ်ရထားစီမံကိန်း၌ အသုံးပြုရန် ပစ္စည်းများ ဇွဲကပင်တောင်ပေါ်သို့ သယ်ဆောင်နိုင်ရန်အတွက် ကာကွယ်ရေးဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် တပ်မတော်ရဟတ်ယာဉ်ဖြင့် လေးခေါက်တိတိ ကူညီပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။
 

" ကျွန်တော်တို့ ချစ်လင်းမြိုင်တိုယိုတာကုမ္ပဏီက ဖေဖော်ဝါရီလမှာ ပြည်ပ ပညာရှင်တွေဖြစ်တဲ့ ဂျပန်နိုင်ငံနဲ့ သြစတြီးယားနိုင်ငံ ပညာရှင်တွေနဲ့ စာချုပ် ချုပ်ပြီး အကြမ်းဖျင်းအနေနဲ့တော့ ကေဘယ်ရထား ရိုးရိုးအတွက် အမေရိကန်ဒေါ်လာ သိန်း ၇၀ လောက်ခန့် မှန်းထား တယ်။ ကုန်ကျမှုအနေနဲ့ အဆောက်အအုံပိုင်းတွေရော အားလုံးအပြီးအစီးဆိုရင် အမေရိကန် ဒေါ်လာ သိန်း ၁၂၀ လောက်ကုန်မှာပါ။ အခုသဘောတူညီချက်အရ စီမံကိန်းကာလကို တစ်နှစ်ခြောက်လ သတ်မှတ်လားပေမယ့် ဒီထက်စောပြီး ပြီးစီးဖို့ ရှိပါတယ်" ဟု ချစ် လင်းမြိုင်တိုယိုတာကုမ္ပဏီ ဥက္ကဋ္ဌ ကရင်ပြည်နယ်၊ နယ်ခြားစောင့်တပ်များ  အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး စောချစ်သူက ပြောသည်။

ဇွဲကပင်တောင် ကေဘယ်ရထားစီမံကိန်းအကောင်အထည်ဖော်နိုင်ရေးအတွက် ချစ်လင်းမြိုင်တိုယိုတာကုမ္ပဏီလီမိတကက်နှင့် ဇွဲကပင်မြေဖွံဖြိုးတိုးတက်ရေးကုမ္ပဏီလီမိတက်တို့ အကျိုးတူပူးပေါင်းဆောင်ရွက်ခြင်းဆိုင်ရာ လက်မှတ်ရေးထိုးခြင်းကို ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၁၂ ရက်က ကော်မတီနာယက ဆရာတော်များ၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများရှေ့မှောက်၌ လက်မှတ်ရေးထိုးခဲ့ကြသည်။


အဆိုပါစီမံကိန်းအား ဇွဲကပင်မြေဖွံဖြိုးတိုးတက်ရေးကုမ္ပဏီလီမိတက်မှ ရင်းနှီးမြှုပ်နှံမှုအဖြစ် ဘားအံမြို့နယ် တောပုံကျေးရွောအုပ်စုရှိ ဇွဲကပင်တောင်OSS-66၊  ဇွဲကပင်ဆရာတော်ပိုင် ဥယျာဉ်ခြံမြေ ၁၂ ဒသမ ၇၂ ဧကနှင့် ကြိုးပြင်ကာကွယ်တောမြေဟရိယာ(၀ ဒသမ ၇၀)ဧကတို့၌ ဆောင်ရွက်နေခြင်း ဖြစ်သည်။
 

ဇွဲကပင်တောင်သည် သာမန်ကျန်းမာရေးကောင်းမွန်သည့် လူငယ်များ ခြေကျင်တက်မည်ဆိုပါက တစ်နာရီခွဲခန့် အချိန်ကြာမြင့်ပြီး အသက်ကြီးသူများနှင့် ကျန်းမာရေးအားနည်းသူများဆိုပါက နှစ်နှာရီကျော်ခန့် တက်ရောက်ရကြောင်း သိရသည်။

Region Read 163 times